နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပေါ်တူဂီ ကို အနိုင်ရရှိပြီး ရော်နယ်ဒိုနဲ့ အင်္ကျီချင်းလဲဖို့ ငြင်းဆန်တဲ့ ဂိုဆန်‌

ဇွန် ၂၂


ဂျာမနီဟာ  ပေါ်တူဂီကိုနောက်က နေ လိုက်ကစားပြီး ၄-၂ ဂိုးနဲ့ အနိုင် ရရှိခဲ့ တဲ့ပွဲစဉ်မှာ ဂျာမနီအသင်း ဘယ် နောက်ခံလူ ရော်ဘင်ဂိုဆန်ကတော့ အနိုင်ရရှိ ခဲ့တဲ့ပွဲအပြီးမှာ ရော်နယ်ဒိုနဲ့ အင်္ကျီချင်းလဲဖို့  ငြင်းဆန်ခဲ့ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။   ရော် နယ်ဒိုက  ပေါ်တူဂီအသင်းအတွက် ဦးဆောင်ဂိုး   သွင်းယူခဲ့ပေမယ့် ဂျာမနီက နောက်က နေလိုက်ကစားပြီး ဒီယက်စ် နဲ့ ဂွါရဲရိုးတို့ရဲ့ Own goal ၂ ဂိုး အပါအဝင် ၄-၂ ဂိုးနဲ့ ပေါ်တူဂီတို့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဂျိုတာ က ပေါ်တူဂီအသင်းအတွက် ဒုတိယ ချေပဂိုးသွင်းယူခဲ့ပေမယ့် ဂိုဆန်က နောက်ကျအနိုင်ဂိုးကို ခေါင်းတိုက် သွင်းယူခဲ့တာ  ဖြစ်ပါတယ်။ ပွဲအပြီးမှာ အကောင်းဆုံး ကစားသမား ဆုရရှိ ခဲ့တဲ့  ဂိုဆန်က  ရော်နယ်ဒိုနဲ့အင်္ကျီချင်း မလဲခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။ “ဂျူဗင် တပ်စ်နဲ့ပွဲတုန်းက ကျွန်တော်အင်္ကျီ ချင်းလဲဖို့  ရော်နယ်ဒိုဆီက တောင်း ခဲ့ပေမယ့် သူကအဝေးကို လျှောက် သွားခဲ့ပါတယ်။ ကျွန်တော် အဲ့တုန်း က   တော်တော်လေးစိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်အခုတစ်ကြိမ် သူက အင်္ကျီချင်းလဲဖို့  မေးချိန်မှာ ကျွန်တော်မလဲခဲ့ပါဘူး”လို့ ဂိုဆန်က ပြောကြားခဲ့ပါတယ်။ ဒီပွဲမှာ ဂျာမနီ နောက်ခံလူရော်ဘင်ဂိုဆန်ဟာ ဂျာမနီ အသင်းရဲ့ခံစစ်ကော တိုက်စစ် မှာပါ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဒီပွဲရဲ့ အကောင်းဆုံးကစားသမား ဆုရရှိခဲ့ပါ တယ်။     

 (SO)






အခြားဆက်စပ်သတင်းများ