နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာမနီနဲ့ပွဲမှာ ရော်နယ်ဒိုရဲ့စွမ်းဆောင်ရည် ပရိသတ်တွေ အံ့အားသင့်ခဲ့‌

ဇွန် ၂၂


လက်ရှိယူရိုချန်ပီယံ   ပေါ်တူဂီ အသင်းဟာ ဂျာမနီအသင်းကို ၄-၂ ရလဒ်နဲ့ အရေးနိမ့်သွားခဲ့ပေမယ့် ရော်နယ်ဒိုရဲ့ မယုံနိုင်စရာ ကောင်းတဲ့ စွမ်းဆောင်ရည်ကိုတော့ ပရိသတ်တွေ က ချီးကျူးခဲ့ကြပါတယ်။ ပွဲချိန် ၁၄ မိနစ် ၃ စက္ကန့်မှာ ပေါ်တူဂီ အသင်းရဲ့ ဂိုးပေါက်ရှေ့က ဘောလုံးကို ခေါင်း တိုက် ရှင်းထုတ်ခဲ့ပြီး ၉၅ မီတာ အကွာ ပြိုင်ဘက် ဂျာမနီအသင်းရဲ့ ဂိုးပေါက်ဆီကို ၁၅ စက္ကန့်နဲ့ အရောက် ပြေးသွားခဲ့ကာ ပေါ်တူဂီ အသင်းအတွက် အဖွင့်ဦးဆောင်ဂိုးကို သွင်းယူခဲ့တာ ကြောင့်ရော်နယ်ဒိုရဲ့ သွင်းဂိုးက ရိုးရှင်း ပေမယ့် မြင်ရတာက တကယ်ကို မယုံ နိုင်စရာပါ။ Counter ကနေ ဒီယေဂိုဂျိုတာဆွဲပြေးပြီးပြန်ချိုးပေးလိုက်တဲ့ ဘောလုံးကို  ပယ်နယ်တီဧရိယာထဲ အသင့်ရောက်လာတဲ့ ရော်နယ်လ်ဒိုက ပိတ်သွင်းခဲ့တာပါ။ အသက် ၃၆ နှစ် အရွယ်မှာ ကစားသမား တစ်ဦးဆီက အခုလို စွမ်းဆောင်ရည်မျိုးကိုမြင်ရဖို့ ဆိုတာ ရော်နယ်ဒိုကလွဲရင် တစ်ခြား ကစားသမားတစ်ယောက်ယောက် လုပ်ပြနိုင်မယ်ဆိုတာ မြင်တွေ့ရဖို့ မဖြစ်နိုင်ပါဘူး။ တန်ပြန်တိုက်စစ် နဲ့ အတူရော်နယ်ဒိုဟာ ဂျာမနီဘက် တစ်ကြိမ် တစ်ခါမှ ဂိုးမသွင်းယူဖူးတဲ့ မှတ်တမ်းအား ချိုးဖျက်သွားခဲ့ပြီး နိုင်ငံတကာသွင်းဂိုးအများဆုံး အလီ ဒေအီရဲ့ စံချိန်ကို ရိုက်ချိုးဖို့လည်း ၂ ဂိုး သာလိုအပ်ပါတော့တယ်။ ဒီသွင်းဂိုး ကြောင့် ရော်နယ်လ်ဒိုဟာ ကမ္ဘာ့ ဖလားနဲ့ ယူရိုပြိုင်ပွဲနှစ်ခုပေါင်း ၁၉ ဂိုး အထိသွင်း ယူနိုင်ခဲ့တာကြောင့် ဥရောပကစားသမားတွေထဲမှာ သွင်းဂိုး အများဆုံး ဂျာမနီ ဂန္ထဝင်တိုက်စစ်မှူး ကလိုဆေးရဲ့ စံချိန်နဲ့တူညီသွား ခဲ့ပါပြီ။ ဒါအပြင် ယူရိုမှာလည်း သွင်းဂိုး ၁၂ ဂိုး ဖြင့် ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ရှိနေကာ သူ့အောက်တွင် ပလာ တီနီ  ၉ ဂိုး၊ အလန်ရှီးယား ၇ ဂိုး၊  ဂရစ်ဇ်မန်း ၇ ဂိုး တို့ရှိနေပါတယ်။ 

(SO)






အခြားဆက်စပ်သတင်းများ