နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကြမ်းဖက်သူများ၏ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဘော်ပြင်းကျေးရွာနေ ပြည်သူနှစ်ဦးသေဆုံး

ဂန့်ဂေါ၊  ဇွန် ၂၁

 

ဇွန် ၂၀ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ဝါးရှဉ်းချောင်း ကုန်းဆင်းအနီးရှိ ဆိုင်ကယ် ပြုပြင်ရေးဆိုင်၌ ဘော်ပြင်းကျေးရွာနေ ဦးမြင့်မောင်နှင့် ယင်း၏ ဇနီးဖြစ်သူ ဒေါ်ကျော့ခင်တို့နှစ်ဦးကို အကြမ်းဖက်သောင်းကျန်းသူများက သေနတ်၊ ဓားတို့ဖြင့် ပစ်ခတ်ထိုးခုတ်ခဲ့သဖြင့် သေဆုံးနေကြောင်းသတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ယင်းတို့မှာ ရရှိဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး ရုပ်အလောင်း များကို ဂန့်ဂေါပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ရင်ခွဲစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။


သေဆုံးသူများ၏ ရုပ်အလောင်းများကို ဘော်ပြင်းကျေးရွာတွင် ပြန်လည် သင်္ဂြိုဟ်နိုင်ရေးအတွက် သေဆုံးသူများ၏ မိသားစုဝင်များနှင့်အတူ လုံခြုံရေး တပ်ဖွဲ့ဝင်များလိုက်ပါပြီး မွန်းတည့် ၁၂ နာရီခန့်တွင် ဂန့်ဂေါဆေးရုံကြီးမှ ဘော်ပြင်းကျေးရွာသို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာခဲ့ရာ ဘော်ပြင်း ကျေးရွာသို့ မရောက်မီ ၁ မိုင်ခန့်အကွာအရောက်တွင် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူ ၁၅ ဦးခန့်က တူမီးသေနတ်၊ မောင်းပြန်သေနတ်များဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်သူများ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့သဖြင့် ယင်းတို့တိုက်ခိုက်ခဲ့သည့်နေရာကို သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာမှ အကြမ်းဖက်သူ အမျိုးသားနှစ်ဦး ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေပြီး အမျိုးသား တစ်ဦး၏ လက်အတွင်းမှ တူမီးသေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့သည်။


ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်သူများ ဆုတ်ခွာ သွားသည့်လမ်းကြောင်းကို လိုက်လံစစ်ဆေးခဲ့ရာ အကြမ်းဖက်သူများ တိုက်ခိုက်ခဲ့သည့်နေရာနှင့် ပေ ၁၀၀ ခန့်အကွာ အရောက်တွင် ယင်းတို့မှ ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အပြန်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်သူ အမျိုးသားနှစ်ဦး ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ယင်းတို့ထံမှ M 22 မောင်းပြန်ရိုင်ဖယ်တစ်လက်၊ ယင်းကျည် ၄၉ တောင့်နှင့် ကျည်အိမ်နှစ်ခု တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။                  ဆွေဦး






အခြားဆက်စပ်သတင်းများ