နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောက်ဥက္ကလာပမြို့နယ်နှင့် ဗဟန်းမြို့နယ်တို့၌ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်သူများ ဖမ်းဆီး

ရန်ကုန်၊  ဇွန် ၂၁


ဇွန် ၁၉ ရက်၊ ညနေ ၃ နာရီခွဲခန့် တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက် ဥက္ကလာပမြို့နယ်၊ (ဈ) ရပ်ကွက်၊ စက္ကဝတ် (၁) လမ်း၊ အမှတ်(၃၆၂)နေ ပြည့်စုံထွန်း (၂၁)နှစ် (ဘ)ဦးထွန်းထွန်းနိုင်၏ နေအိမ်ကို သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ရာ ယင်းကို နေအိမ် အတွင်းမှ 91 လက်ပစ်ဗုံးနှစ်လုံး အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံး ပြုသည့် အခြားဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


အလားတူ ည ၁၂ နာရီ ၅ မိနစ်ခန့် တွင် ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၂)ရပ်ကွက်၊ ငါးထပ်ကြီး ဘုရားလမ်းအမှတ် (၁၈၂)နေအိမ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါ နေအိမ်အတွင်းမှ သက်ပိုင်ထူး (ခ) အလီ (၂၇)နှစ်(ဘ) ဦးဘိုးချိုကို လက်လုပ်ဗုံးခြောက်လုံး၊ အကြမ်းဖက် တိုက်ခိုက်ရာတွင် အသုံးပြုသည့် အခြား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ယင်း၏ ထွက်ဆိုချက် အရ ငါးထပ်ကြီးတောင်ရပ်ကွက်၊ ဆာဖိုးသာခြံအတွင်း လက်လုပ်ဗုံးများ ပြုလုပ်နေကြောင်း သိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စဉ် ဥယျာဉ်လမ်းအရောက်၌ အကြမ်း ဖက်သူ ၁၀ ဦးခန့်က လက်လုပ်ဗုံး များဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့သည်။ ထိုသို့ ပစ်ပေါက်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက် လှန့်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သူများ မှာ  အနီးရှိ လမ်းကြားအတွင်းသို့ ထွက်ပြေးသွားခဲ့ပြီး သွားရောက် စစ်ဆေးခဲ့ရာ ငါးထပ်ကြီးတောင် ရပ်ကွက်၊ ဥယျာဉ်လမ်း၊ အမှတ်(၂၉)နေ ဖိုးသင်္ကြန် (၁၆)နှစ်(ဘ) ဦးမြင့်ဌေးကို ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့ပြီး ယင်းနှင့် အတူ လက်လုပ်ဗုံးနှစ်လုံး၊ မီးခိုးဗုံး တစ်လုံးတို့အား တွေ့ရှိရသဖြင့် ဖိုးသင်္ကြန်ကို တပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။ 

ဆွေဦး






အခြားဆက်စပ်သတင်းများ