နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်နည်းပြဒက်စ်ချမ့်စ် ဂရေ့ဇ်မန်းကို ချီးကျူး‌

ဇွန် ၂၁


ပြင်သစ်တိုက်စစ်မှူး ဂရေ့ဇ်မန်းရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကျွမ်းကျင်ပိုင် နိုင်စွာ ကစားမှုအရှိန်အဝါကို နည်းပြ ဒက်စ်ချမ့်စ်က ထာဝရအကောင်းဆုံး ကစားသမားတစ်ဦးလို့ တင်စားထားပါ တယ်။ ဂရေ့ဇ်မန်းဟာ ပြင်သစ်အတွက် ဟန်ဂေရီနဲ့ပွဲဟာ သူ့ရဲ့ပွဲ  ၅၀ မြောက် ပွဲဖြစ်ပါတယ်။ သူဟာ ၂၀၁၄ ခုနှစ် မတ်လမှာ ပထမဆုံးအကြိမ်ကစားခွင့် ရချိန်ကတည်းက တစ်ပွဲမှ မလွဲခဲ့ဘဲ ပြိုင်ပွဲ အသွင် ၃၅ ပွဲလုံးကစား ပေးခဲ့ပါတယ်။ အသက် ၃၀ အရွယ်တိုက်စစ်မှူး ဟာ ပြင်သစ်အတွက် ပြိုင်ပွဲစုံ  ၉၂  ပွဲကစား၃၇ဂိုးသွင်းပေးထားပါတယ်။“သူဟာ ပရော်ဖက်ရှင်နယ်တစ်ယောက်ပါ။ ရရှိ နိုင်တဲ့အမျိုးမျိုးသော ဒဏ်ရာတွေကို ရှောင်ရှားနိုင်အောင်လည်း စီမံနိုင်ခဲ့ ပါတယ်။ သွင်းဂိုးတွေ ဖန်တီးမှုတွေနဲ့ အသင်းသားတွေအပေါ်မှာလည်း လွှမ်းမိုးနိုင်ပါတယ်။ သူဟာ ဥရောပနဲ့ ကမ္ဘာမှာ  ထာဝရအကောင်းဆုံး ကစားသမားတစ်ယောက်ပါ။ သူဟာ ကျွန်တော်တို့ရဲ့ နည်းစနစ်ခေါင်းဆောင် တစ်ယောက်ပါ။  သူ့ရဲ့ပုံစံနဲ့လည်း ပွဲ အဖြေကို ပြောင်းလဲပေးနိုင်ပါတယ်။  ဖန်တီးမှုမှာရော ဂိုးဧရိယာပြင်ပက နေ စွမ်းဆောင်မှုတွေမှာပါ ထူးချွန် ထက်မြက်သူပါ ” လို့ ဒက်စ်ချမ့်စ်က ပြောဆိုခဲ့ပါတယ်။ ဂရေ့ဇ်မန်းဟာ ယူရို ၂၀၁၆ တုန်းကလည်း ပြင်သစ်အတွက် ၆ ဂိုးသွင်းပြီး ဗိုလ်လုပွဲရောက်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။               

 (SO)






အခြားဆက်စပ်သတင်းများ