နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နည်းပြအင်းနရစ် ဒုတိယပိုင်း ပင်နယ်တီ လွဲချော်ခဲ့ရတာ နောင်တရမိတယ်လို့ ပြောကြား

ဇွန် ၂၁


ဆွီဒင်နဲ့ပွဲမှာ သရေကျခဲ့တာကြောင့် ဖိအားတွေများခဲ့တဲ့ စပိန်ဟာ ပိုလန်နဲ့ ပွဲမှာလည်း သရေတစ်မှတ်သာ ရယူနိုင် ခဲ့ပြန်တာဖြစ်ပါတယ်။ ဒါကြောင့်စပိန် အသင်းနည်းပြ အင်းနရစ်က ပိုလန် အသင်းကိုသရေကျခဲ့တဲ့ပွဲမှာ ဒုတိယပိုင်း ပင်နယ် တီလွဲချော်ခဲ့တာကို နောင်တရ မိတယ်လို့ ပြောကြားလိုက်ပါတယ်။ ပွဲကစားချိန် ၂၅ မိနစ်မှာ မိုရာတာက စပိန်အသင်းအတွက် ဦးဆောင်ဂိုးရယူပေးခဲ့ပါတယ်။ဒါပေမယ့်ပိုလန်က လည်း နိုင်လိုစိတ်နဲ့ပြန်ရုန်းလာခဲ့ပြီး ပွဲကစားချိန် ၅၄ မိနစ်မှာ လီဝန်ဒေါစကီး က ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ  စပိန်အသင်းရရှိတဲ့ ပင်နယ်တီကို မိုရီနိုကန်သွင်းခဲ့ရာမှာ လွဲချော်ခဲ့တာဖြစ်ပါတယ်။ စပိန်အတွက် တော့နောက်တစ်ဆင့်တက်နိုင်ဖို့ အခြေ အနေကောင်းများ ပိုင်ဆိုင်ထားပေမယ့် ဆလိုဗက်ကီးယားနဲ့ပွဲမှာ အနိုင်ကန်ဖို့တော့လိုအပ်နေပါတယ်။“ကျွန်တော်တို့ အကောင်းဆုံးကြိုးစားခဲ့ကြပါတယ်။ ပင်နယ်တီလွဲချော်ခဲ့တာက စိတ်ပျက် စရာကောင်းခဲ့ပေမယ့် အခွင့်အရေး ကောင်းတွေရခဲ့ပါတယ်။  ၃ မှတ်ပြည့်ရခဲ့ သင့်တာပါ။ အိမ်ကွင်းမှာ ပရိသတ်တွေ အတွက် အနိုင် ၃ မှတ်ပြည့်ရအောင် ယူပေးချင်ခဲ့ပေမယ့် ပိုလန်ကလည်း ခြေစွမ်းကောင်းတွေ ပြသခဲ့ပါတယ်။ အဲ့အတွက်ကြောင့် လာမယ့်ဆလိုဗက် ကီးယားနဲ့ပွဲမှာ အနိုင်ကန်ရတော့မှာပါ။ နောက်တစ်ဆင့်တက်ဖို့အတွက်လည်း အဲ့နောက်ဆုံးပွဲကအရေးပါပါတယ်”လို့အင်းနရစ်ကပြောကြားခဲ့ပါတယ်။  

(SO)






အခြားဆက်စပ်သတင်းများ