နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်္ဂလန်နည်းပြဆောက်ဂိတ် လူငယ်တွေဆီက အများကြီး မျှော်လင့်လို့မရကြောင်း ပြောကြား‌

ဇွန် ၂၁


အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်က မိမိအသင်းမှာ လူငယ်တွေများတာ ကြောင့် သူတို့ဆီကနေ ဘာမှအများကြီး မျှော်လင့်လို့မရတာကို လက်ခံရမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ စကော့တလန်ကို သရေကျခဲ့တဲ့ပွဲမှာ ဂျက်ဂရီးလစ်ချ်ကို အရန်ခုံမှာမထိုင်ခိုင်းခဲ့ပဲ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့သင့် ပါတယ်။ ဆန်ချိုကလည်း လက်ရှိအချိန်အထိ ပါဝင်ခွင့်မရသေးသလို ဆာကာတစ်ယောက်လည်း ပါဝင်ခွင့်မရသေးပဲ ဘယ်လင်ဟမ်ကတော့ လူစားဝင် ကစားသမား အဖြစ်ပါဝင်ခွင့်ရခဲ့ပါတယ်။ဆောက်ဂိတ်ကတော့ စကော့တလန်ကို သရေကျ ခဲ့တဲ့ပွဲမှာ အင်္ဂလန် အသင်းရဲ့ အသက်အငယ်ဆုံး လူစာရင်းကို ထုတ်သုံးခဲ့ပေမယ့် ဟယ်ရီကိန်း၊ စတာလင်၊ ဂျွန်စတုန်းတို့ပါဝင်နေပါတယ်။ “ကျွန်တော်တို့ဆီမှာ လူငယ်တွေများပါတယ်။ အတွေ့အကြုံရှိတဲ့လူတွေလိုပါတယ်။ ဆန်ချိုက ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။ အဲ့အတွက် ရွေးချယ်စရာတစ်ခုအဖြစ်ရှိလာနိုင်ပါတယ်”လို့ ဆောက်ဂိတ်ကပြော ကြားခဲ့ပါ တယ်။ ကိန်းကတော့ ယူရိုပြိုင်ပွဲမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး ခရိုအေးရှားနဲ့ ပွဲမှာလည်း စတာလင်ရဲ့ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ “ကစားသမား အများစုက မရင်းနှီးကြပါဘူး။ အဲ့တာကအလုပ်အတူတူတွဲလုပ်ဖို့ ခက်ခဲစေပါတယ်။ ကစားသမားတွေက  သက်ဆိုင်ရာနေရာတွေမှာ  ကောင်းတဲ့သူတွေပါ။ အသင်း အတွက်ကိုတော့ အာရုံစိုက်ဖို့လိုပါတယ်။ နောက်တစ်ဆင့်တက်ဖို့အတွက် အရေးကြီး တာကြောင့်ချက်နဲ့ပွဲကို အာရုံစိုက်ဖို့ လိုပါတယ်”လို့ ဆောက်ဂိတ်က ပြောကြားခဲ့ပါတယ်။                                                                                               (SO)






အခြားဆက်စပ်သတင်းများ