နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆင်နယ်အသင်း တီယာနေးကို ငါးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ပြင်ဆင်‌

ဇွန် ၂၁


အာဆင်နယ်အသင်းသည် အသင်းမှ ခံစစ်ကစားသမား တီယာနေးကို လုပ်ခလစာတိုးမြှင့်၍ ငါးနှစ်သက်တမ်း တိုးစာချုပ် ချုပ်ဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။

တီယာနေးသည် ဆဲလ်တစ်အကယ်ဒမီအသင်းမှ ပေါ်ထွက်ခဲ့သူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှစတင်ကာ အာဆင်နယ် ယူ-၂၃ အသင်းတွင် ပါဝင်ကစားခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအတွင်းက အာဆင်နယ်အသင်းကြီးနှင့် ပရော် ဖက်ရှင်နယ် ကစားသမား ဘဝကို စတင်ခဲ့သူဖြစ်သည်။


အသက် ၂၄ နှစ်အရွယ်ရှိ တီယာနေးသည် ပြီးခဲ့သည့်ဘောလုံးရာသီက အာဆင်နယ်အသင်းနှင့်အတူ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ၂၇ ပွဲ ပါဝင်ကစားခဲ့ရာ ၂၆ ပွဲထိ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ကာ ယူရို ၂၀၂၀ ပြိုင်ပွဲဝင် စကော့တလန်အသင်း၌ ရွေးချယ်ခံခဲ့ရသည်။


တီယာနေးကို ဥရောပထိပ်တန်းအသင်းကြီးများကလည်း ခေါ်ယူရန် စောင့်ကြည့်နေသောကြောင့် အာဆင်နယ် အသင်းက ယင်းရရှိသည့်တစ်ပတ်လုပ်ခ စတာလင်ပေါင် ၈၀,၀၀၀ ကို ပေါင် ၁၀၀,၀၀၀ ပေး၍ ငါးနှစ်သက်တမ်း တိုးစာချုပ် ချုပ်ဆိုရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။                                 

(သူရိန်)






အခြားဆက်စပ်သတင်းများ