နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကောင်းဆုံးခြေစွမ်းနဲ့အတူ ပေါ်တူဂီကို အနိုင်ရရှိခဲ့သည့် ဂျာမနီ

 ဇွန် ၂၀


ယူရိုဖလားပြိုင်ပွဲ အုပ်စု (F) ၏ ပွဲစဉ်တစ်ပွဲအဖြစ် ပေါ်တူဂီနှင့် ဂျာမနီအသင်းတို့ ယှဉ်ပြိုင်ကစား ခဲ့ကြရာ ဂျာမနီက ပေါ်တူဂီကို လေးဂိုး၊ နှစ်ဂိုးရလဒ်ဖြင့်  အနိုင်ရရှိခဲ့ကြောင်း သိရသည်။


အဆိုပါပွဲတွင်  ပထမပိုင်း ပွဲ စကတည်းက  ဂျာမနီအသင်းက ပေါ်တူဂီအသင်းကို ဖိအားပေး ကစား ခဲ့ပြီး ပွဲကစားချိန် ၅ မိနစ်မှာ ဂျာမနီ ကစားသမား ဂိုဆန်က ဂိုးသွင်းယူပေး ခဲ့သော်လည်း VAR စနစ်ဖြင့် လူကျွံ ဘောသတ်မှတ်ခဲ့သောကြောင့် ပေါ်တူဂီ အသင်း သက်သာရာရခဲ့သည်။


သို့သော် ပွဲကစားချိန် ၁၅ မိနစ် မှာ တန်ပြန်တိုက်စစ်ကနေတစ်ဆင့် ရော်နယ်ဒိုက ပေါ်တူဂီအသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သည်။ ဂျာမနီအသင်း၏ တိုက်စစ်က ပေါ်တူဂီ အသင်းခံစစ်ကို မကြာခဏဆိုသလို အလုပ်ရှုပ်စေခဲ့ပြီး ပွဲချိန် ၃၅ မိနစ်မှာ ဂျာမနီကစားသမား ဂိုဆန် ပေးပို့မှု ကို ပေါ်တူဂီခံစစ်ကစားသမား ရူဘင် ဒီယက်စ် ဖျက်ထုတ်ရာမှ ဂိုးဝင်သွား ခဲ့ပြီး ပွဲချိန် ၃၉ မိနစ်မှာလည်း နောက်ခံ ကစားသမား ဂွာရီရို ဖျက်ထုတ်ရာတွင် ကိုယ့်ဂိုးကိုယ် သွင်းယူမိသောကြောင့် ပထမပိုင်းတွင် ဂျာမနီက ပေါ်တူဂီ အသင်းကို ၂ ဂိုး၊ ၁ ဂိုးဖြင့် ဦးဆောင် ထားနိုင်ခဲ့သည်။


ဒုတိယပိုင်းမှာလည်း ဂျာမနီအသင်း ကသာ အကောင်းဆုံးခြေစွမ်းနှင့်အတူ ပေါ်တူဂီအသင်းကို  ဖိအားပေးကစား ခဲ့ပြီး ပွဲချိန် ၅၁ မိနစ်မှာ ဟာဗက်ဇ်၊ မိနစ် ၆၀ မှာ ဂိုဆန်တို့ကို ဂျာမနီအသင်း အတွက် အနိုင်ဂိုးများကို သွင်းယူပေးခဲ့ သည်။


ပေါ်တူဂီအသင်းအတွက် ဒုတိယ မြောက်ဂိုးကိုတော့ ပွဲချိန် ၆၇ မိနစ်မှာ ရော်နယ်ဒို၏ ပေးပို့မှုမှတစ်ဆင့် ဂျိုတာ က သွင်းယူပေးခဲ့သည်။ 


ယူရိုဖလား ပြိုင်ပွဲအုပ်စု (F) ၏ အမှတ်ပေးဇယား ရပ်တည်မှုအနေ နှင့် ပြင်သစ်က လေးမှတ်ဖြင့်  ပထမ၊  ဂျာမနီက သုံးမှတ်ဖြင့် ဒုတိယ၊  ပေါ်တူဂီ က သုံးမှတ်ဖြင့် တတိယနှင့် ဟန်ဂေရီ က တစ်မှတ်ဖြင့် စတုတ္ထနေရာတွင် အသီးသီးရပ်တည်နေကြောင်း သိရ သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ