နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆွစ်ဇာလန်နဲ့ပွဲ ကမ္ဘာ့အဆင့် ကွင်းလယ်လူဖြစ်ကြောင်း လူကာတယ်လီ ပြသ

 ဇွန် ၂၀


အီတလီက ဆွစ်ဇာလန်ကို ၃ ဂိုး ပြတ် အနိုင်ရခဲ့တဲ့ပွဲမှာ မန်နူရယ်လိုကာ တယ်လီဟာ ၂ ဂိုးသွင်းခဲ့ပြီးနောက် ကမ္ဘာ့ အဆင့် ကွင်းလယ်လူဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။ လိုကာတယ်လီ ဟာ ဘီရာဒီရဲ့ ဖြတ်တင်ဘောကနေ အီတလီအတွက်  ဦးဆောင်ဂိုးအဖြစ် သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လည်း အီတလီအတွက် ဒုတိယဂိုးအဖြစ် ဘီးကုပ်ထိပ်ကနေ လှလှပပကန်သွင်း ရယူသွားခဲ့ပါတယ်။ 


အသက်၂၃ နှစ် ၁၅၉ ရက်သာရှိ သေး တဲ့ လိုကာတယ်လီဟာ ယခုယူရို ပြိုင်ပွဲမှာအသက်  အငယ်ဆုံးဂိုးသွင်း သူ ဖြစ်လာခဲ့ပါတယ်။ အေစီမီလန် အကယ်ဒမီထွက် လိုကာတယ်လီဟာ အီတလီမှာ ၂ ပွဲပဲ ပါဝင်ကစားရသေး ပေမဲ့ ဥရောပထိပ်တန်းအသင်းတွေရဲ့ စိတ်ဝင်စား ခြင်းခံနေရပါတယ်။ 


အာဆင်နယ်၊   တော့တင်ဟမ်၊ မန်စီးတီးနဲ့ ဂျူဗင်တပ်စ်အသင်းတွေ ဟာ  ဆက်ဆူအိုလို  ကွင်းလယ်လူ အား ချိတ်ဆက်လျက် ရှိနေပါတယ်။ အီတလီပရိသတ်တွေကတော့ အထူး ခြေစွမ်းပြနေတဲ့ လိုကာတယ်လီအား ချီးကျူးမှုတွေ  ပြုလုပ်ခဲ့ကြပါတယ်။ အီတလီအသင်းဟာ  ယမန်နေ့ညက နိုင်ပွဲအပြီး အုပ်စု A ဇယားထိပ်ဆုံးကနေ ဦးဆောင်နေကာ  ရှုံးထွက်အဆင့်ကို စောစောစီးစီး တက်ရောက်သွားခဲ့ပြီ  ဖြစ်ပါတယ်။                                (SO)






အခြားဆက်စပ်သတင်းများ