နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုပါအမေရိကပြိုင်ပွဲ အာဂျင်တီးနား တစ်လုံးတည်းသော ဂိုးနဲ့ ဥရုဂွေးကို အနိုင်ရ

 ဇွန် ၂၀


စနေနေ့အစောပိုင်းက  ယှဉ်ပြိုင် ကစားခဲ့တဲ့ ကိုပါအမေရိကပွဲစဉ် ၂ ပွဲ အနက် စိတ်ဝင်စားဖွယ်ရာအကောင်းဆုံးဖြစ်ခဲ့တဲ့ အာဂျင်တီးနားအသင်းနဲ့ ဥရုဂွေးအသင်းတို့ရဲ့  ပွဲစဉ်မှာတော့ အာဂျင်တီးနားအသင်းက ပွဲချိန်၁၃မိနစ် မှာ ကွင်းလယ်လူ ဂွီဒိုရိုဒရီဂွက်စ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ဥရုဂွေး အသင်းကို အနိုင်ရခဲ့ပြီး အုပ်စုပထမ နေရာကိုရရှိဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်လာပါတယ်။ 


ဒီနှစ်သင်းရဲ့ကြားထဲမှာ  ခြေစွမ်း ကွာဟမှု အများကြီးမရှိပေမယ့် မက်ဆီ ရှိနေခြင်းက အာဂျင်တီးနားအသင်းကို တပန်းသာစေပြီး မက်ဆီဟာ ဒီပွဲစဉ်မှာ သွင်းဂိုး သွင်းယူနိုင်ခြင်း မရှိပေမယ့် ဂွီဒိုရိုဒရီဂွက်စ်ရဲ့ သွင်းဂိုးကိုဖန်တီးပေး နိုင်ခဲ့သလို ဥရုဂွေးနောက်တန်းကိုလည်း အလုပ်ရှုပ်စေခဲ့ပါတယ်။ အာဂျင်တီးနား အသင်းအနေနဲ့အုပ်စုတွင်းမှာ အခက်ခဲ ဆုံး  ပြိုင်ဘက်တွေဖြစ်တဲ့  ချီလီအသင်း နဲ့ ဥရုဂွေးအသင်းတို့ကို ရင်ဆိုင်ကစား ပြီးပြီ ဖြစ်တာကြောင့် နောက်တစ်ဆင့် တက်နိုင်ဖို့ အခြေအနေကောင်းနေ ကာ လက်ကျန်ပွဲစဉ်တွေဟာ သူတို့ အသင်းအတွက် ပန်းခင်းလမ်းသဖွယ် ဖြစ်နေပြီး လာမယ့် ပါရာဂွေးအသင်း နဲ့ပွဲစဉ်၊ ဘိုလီးဗီးယားအသင်းနဲ့ ပွဲစဉ် တွေမှာ  အာဂျင်တီးနားအသင်းရဲ့ သွင်းဂိုးအမြောက်အများကို မြင်တွေ့ ရဖွယ် ရှိနေပါတယ်။    

(SO)






အခြားဆက်စပ်သတင်းများ