နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝင်ဘလေကွင်းက ပျင်းစရာကောင်းတဲ့ အင်္ဂလန်နဲ့ စကော့တလန်ပွဲ

ဇွန် ၂၀


ဒေသတွင်း  အသင်းနှစ်သင်းရဲ့ အားပြိုင်မှုကတော့ ပျင်းစရာကောင်း လောက်အောင်ဖြစ်ခဲ့ရပြီး ယူရို ၂၀၂၀ ရဲ့ ဒုတိယမြောက်ဂိုးမရှိ သရေပွဲဖြစ်သွား ပါတယ်။ ဒီပွဲကတော့ ဝင်ဘလေကွင်း က ပျင်းစရာကောင်းတဲ့ ဗြိတိန်ဒါဘီပွဲ လို့ ပြောရမဲ့ပွဲပါပဲ။ 


ဂျွန်စတုန်းရဲ့   ခေါင်းတိုက်ချက် တိုင်ထိထွက်သွားသလို စကော့တလန် တောင်ပံကစားသမား  အိုကွန်နယ်ရဲ့ ထောင့်ဖြတ် ကန်သွင်းချက်ကိုလည်း ဂိုးသမား ပစ်ဖို့ဒ် ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် အင်္ဂလန်က အုပ်စု နောက်ဆုံးပွဲမှာ အုပ်စုပထမနေရာရ ဖို့ ချက်အသင်းကို မဖြစ်မနေအနိုင် ကစားရတော့မှာဖြစ်သလို   စကော့ တလန်ကလည်း ခရိုအေးရှားကိုအနိုင် ရမှ မျှော်လင့်ချက်ရှိလာမှာ ဖြစ်ပါတယ်။ 


အင်္ဂလန်ဟာ   အုပ်စုဗိုလ်ဖြစ်ရင် ၁၆ သင်းအဆင့်မှာ ပြင်သစ်နဲ့ ပေါ်တူဂီ  တစ်သင်းသင်းနဲ့ တွေ့ရနိုင်ပြီးအုပ်စု ဒုတိယဖြစ်သွားရင်တော့ ၁၆ သင်း အဆင့်မှာ  စပိန်ပါတဲ့ အုပ်စုက အုပ်စုဒုတိယ (ဆွီဒင်ဖြစ်ဖို့များ) နဲ့ တွေ့ဆုံရမယ့်အချက် ဖြစ်ပါတယ်။ အင်္ဂလန်အသင်း ဘယ်နောက်ခံလူ လုခ်ရှော ဟာ ၂၅၅၁ ရက် ကြာမြင့် ပြီးနောက် အဓိကပြိုင်ပွဲမှာ အင်္ဂလန် အသင်းအတွက် ပြန်လည်ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။                                 

(SO)






အခြားဆက်စပ်သတင်းများ