နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မှော်စွမ်းဆောင်ရည်ကို ပြသသွားခဲ့တဲ့ နေမာ

ဇွန် ၂၀


ကိုပါအမေရိကဖလားအုပ်စု ဒုတိယပွဲစဉ်မှာ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမား နေမာဟာ ပီရူးအသင်းကို ၄-၀ ရလဒ်နဲ့ အနိုင်ရ ခဲ့တဲ့ပွဲမှာ အံအားသင့်သွားစေနိုင်ခဲ့တဲ့ သူ့ရဲ့မှော် စွမ်းဆောင်ရည်ကို ပြသသွားခဲ့ပါတယ်။ 


ပွဲအတွင်း ပွဲချိန် ၁၂ မိနစ်မှာတင် အဲလက်စ ဆန်ဒရိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ မိနစ် ၆၀ မှာ ပီရူးနောက်ခံလူ တီပီယာ နေမာကို ဧရိယာထဲ ကစားပုံကြမ်းခဲ့တာကြောင့် ဘရာဇီး တို့ ပင်နယ်တီရခဲ့ပေမယ့် VAR က ပြန်လည် ပယ်ဖျက်သွားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနောက် နေမာ တစ်ယောက် ဘရာဇီးအတွက် ဒုတိယဂိုး သွင်းပေးခဲ့ပါတယ်။ ရိုဘီရိုက တတိယသွင်းဂိုး ကို ၈၉ မိနစ်မှာ သွင်းယူပေးခဲ့သလို ပွဲပြီးခါနီး မှာ ရစ်ချာလီဆင်က  ထပ်သွင်းခဲ့တာကြောင့် ဘရာဇီးတို့ ၄ ဂိုးပြတ် အနိုင်ရကာ အုပ်စုကို ဦးဆောင်ခဲ့ပါတယ်။ 


အဲဒီပွဲမှာ နေမာဟာ ပီရူးနောက်ခံလူကို အကြိမ်ကြိမ်လှည့်စားပြီး ကျော်ဖြတ်နိုင်ခဲ့သလို ပီရူးကစားသမား (၃) ဦးကို တစ်ယောက်ပြီး တစ်ယောက် လှည့်ထွက်ပြခဲ့တာကို တွေ့ခဲ့ရ ပါတယ်။ ကြာသပတေးနေ့က ပွဲအပြီးတွင် နေမာ ဟာ နိုင်ငံတကာသွင်းဂိုး ၆၈ ဂိုး ရရှိထားတာ ကြောင့် ပီလီရဲ့ ဂိုးအများဆုံးသွင်းယူထားတဲ့ စံချိန်ကိုမီရန် ၉ ဂိုးသာ လိုပါတော့တယ်။ ဘရာဇီးအသင်းဟာ လာမယ့် ဗုဒ္ဓဟူးနေ့တွင် ကိုပါအမေရိကဖလား အုပ်စုပွဲစဉ်အဖြစ် ကိုလံဘီယာအသင်းနှင့် ကစား ရမှာ ဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ