နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခင်ဦးမြို့နယ် လုံခြုံရေးဆောင်ရွက်နေသည့် ယာဉ်တန်းကို ချောင်းမြောင်းတိုက်ခိုက်

ခင်ဦး၊  ဇွန် ၂၀


ဇွန် ၁၉ ရက်၊ နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့ပေါ်ရပ်ကွက်များနှင့် ခင်ဦး မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာ ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လှည့်ကင်းဆောင်ရွက်နေစဉ် မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် မြင်းဒေါင်း ကျေးရွာနှင့် သာဂရကျေးရွာကြားရှိ မမဲတူတံတားအမှတ် (၂/၁၁)၊ မိုင်တိုင် အမှတ် ၆ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား အရောက်တွင် PDF အကြမ်းဖက်အဖွဲ့ အင်အား ၃၅ ဦးခန့်မှ လုံခြုံရေး ယာဉ်တန်းကို လက်နက်မျိုးစုံဖြင့် ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်တွင် အကြမ်းဖက် အဖွဲ့များ ပြန်လည်ထွက်ပြေးသွားခဲ့ သည်။


ထိတွေ့မှုဖြစ်စဉ်တွင်  PDF  အကြမ်း ဖက်အဖွဲ့မှ အကြမ်းဖက်သူ အမျိုးသား ၂ ဦးသေဆုံးကာ အကြမ်းဖက်သူ အမျိုးသား ၅ ဦးကို တူမီးသေနတ် ၅ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ နေရာအနီးဝန်းကျင် လမ်းဘေး ဝဲယာတွင် မိုင်း ၁၀ လုံးခန့် ထောင် ထားသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ မိုင်းရှင်းလင်းရေးများ ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ