နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့ဝင်ဘီးခွန်ဂိတ်နှင့် ကုန်တင်ယာဉ် ၃ စီး သောင်းကျန်းသူများက မီးရှို့ဖျက်ဆီး

လှိုင်းဘွဲ့၊  ဇွန် ၂၀

ဇွန် ၁၈ ရက်၊ ည ၇ နာရီ ၂၀ မိနစ်အချိန်တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ လှိုင်းဘွဲ့-ပိုင်ကျုံး ကားလမ်းဘေးရှိ လှိုင်းဘွဲ့မြို့ ဝင်ဘီး ခွန် ဂိတ်ကို အမျိုးသားတစ်ဦးမှ ဓာတ်ဆီ လောင်းမီးရှို့ ဖျက်ဆီးရန်ပြုလုပ်နေ ကြောင်းသိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့က သွား ရောက်စစ်ဆေးရာ လှိုင်းဘွဲ့မြို့နယ်၊ ကော့ဝန်းကျေးရွာနေ စောရှားထိုဟီ (၂၂)နှစ် (ဘ)ဦးစောဖလအယ်သည် ဓာတ်ဆီဘူးဖြင့် အဆိုပါဂိတ်၏ အခင်း နှင့်အကာများကို ပက်ဖျန်းကာ မီးရှို့ရန် ပြုလုပ်နေစဉ် ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ တာလုံ ကျေးရွာနှင့် မော်တောင်ကျေးရွာကြား မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမ ကြီး မိုင်တိုင်အမှတ် (၂၆၈) အနီး၌ KIA/TLNA လက်နက်ကိုင်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့က မူဆယ်မှ လားရှိုး ဘက်သို့ မောင်းနှင်လာသည့်ကုန်တင် တွဲကား ၃ စီးအနက် ၂ စီးကို ကားလမ်း ပေါ်၌ ကန့်လန့်ပိတ်ရပ်ကာ ကျန်ယာဉ် တစ်စီး၏ ယာဉ်ခေါင်းခန်းကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်းသိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ