နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွတ်ခိုင်မြို့နယ်တွင် ၁၂ ဘီး ကုန်တင်တွဲယာဉ်တစ်စီးKIA အဖွဲ့ က မီးရှို့ဖျက်ဆီး

ကွတ်ခိုင်၊  ဇွန် ၁၉


ဇွန် ၁၈ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီး တံခွန်မြို့နေ ဦးလင်း(ခ) သိန်းထွန်းဦး(၃၃)နှစ် (ဘ)ဦးမှီမောင်းနှင်ပြီး ယာဉ်နောက်လိုက်ဖြစ်သူ သန့်ဇင်အောင်(၁၈)နှစ် (ဘ)ဦးသိန်းငွေ လိုက်ပါ လာသော ၁၂ ဘီးတွဲယာဉ် 6J/xxx FUSO ယာဉ်သည်  မူဆယ်မြို့ဘက်မှ ကွတ်ခိုင်မြို့ဘက် သို့ မောင်းနှင်လာစဉ် ကွတ်ခိုင်မြို့နယ်၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၃၃ နှင့် ၂၃၄ ကြားအရောက်တွင် KIA အဖွဲ့အင်အား ၄၀ ဦးခန့်သည် လမ်း၏ ဝဲယာတောင်ကုန်းများ ပေါ်တွင် အသင့်နေရာယူပြီး ကျန်အင်အား ၈ ဦးခန့်က မော်တော်ယာဉ်အား တားဆီးကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ကားပေါ်မှ ဆင်းခိုင်းပြီး ယင်းတို့တွင် ပါရှိလာ သည့် လက်ကိုင်ဖုန်း ၂ လုံးနှင့် မြန်မာငွေ ၆ သိန်းကျပ်အား သိမ်းဆည်းလျက် ယင်းတို့ ၂ ဦး ကို အမြန်ထွက်သွားရန် ပြောဆို၍ ယာဉ်အား သေနတ်ဖြင့် ၆ ချက်ခန့်ပစ်ခတ်ကာ မီးရှို့ဖျက်ဆီး သွားခဲ့ကြောင်း သိရသည်။  

ဆွေဦး






အခြားဆက်စပ်သတင်းများ