နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စင်ကာပူနိုင်ငံတွင် ပြစ်မှုကျူးလွန်သူကို Zoom ဗီဒီယိုစနစ်ကတစ်ဆင့် သေဒဏ်ချမှတ်

မေ ၂၁၊ စင်ကာပူ


COVID-19 ကြောင့် ပိတ်ဆို့ထားရသည့် စင်ကာပူနိုင်ငံတွင် မူးယစ်ဆေးဝါးမှု ကျူးလွန်ခဲ့သည့် အမျိုးသားတစ်ဦးကို Zoom ဗီဒီယိုဆက်သွယ်မှုစနစ်မှတစ်ဆင့် သေဒဏ်ချမှတ်ခဲ့သည်။ အသက် ၃၇ နှစ်ရှိသည့် ဂျီနာဆန်သည် ၂၀၁၁ ခုနှစ်က မူးယစ်ဆေးဝါး ရောင်းဝယ်မှုတစ်ခုတွင် ပါဝင်ခဲ့ခြင်းကြောင့် ပြီးခဲ့သည့်သောကြာနေ့က သေဒဏ်ချမှတ်ခံခဲ့ရသည်။ စင်ကာပူနိုင်ငံတွင် တရားရုံးခန်းမ မဟုတ်သည့် အဝေးတစ်နေရာမှတစ်ဆင့် ပထမဆုံး အမိန့်ချမှတ်မှုဖြစ်သည်။ 


စင်ကာပူနိုင်ငံတွင် တရားရုံး ကြားနာမှုအများအပြားကို ပိတ်ဆို့မှုကာလ ကုန်ဆုံးမည့် ဇွန်လ ၁ ရက်အထိ ဆိုင်းငံ့ထားသည်။ သို့သော် မဖြစ်မနေ အမိန့်ချမှတ်ရန် လိုအပ်သည့်အမှုများကို ဗီဒီယိုဆက်သွယ်မှုမှတစ်ဆင့် အမိန့်ချမှတ်လျက်ရှိသည်။ စင်ကာပူနိုင်ငံမှာ တရားမဝင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ လုံးဝမသက်ညှာသည့်မူဝါဒ ကျင့်သုံးသည့်နိုင်ငံဖြစ်သည်။ ၂၀၁၃ ခုနှစ်နောက်ပိုင်း စင်ကာပူနိုင်ငံတွင် ကွပ်မျက်ခံရသူ ၁၈ ဦး ရှိသည့်အနက် ၁၃ ဦးမှာ မူးယစ်ဆေးဝါးမှုနှင့် ဆက်နွှယ်နေသူများဖြစ်သည်။ အဆိုပါပမာဏမှာ ဆယ်စုနှစ် နှစ်ခုအတွင်း အများဆုံး ကွပ်မျက်မှုဖြစ်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံးက လူ့အသက်ကယ်တင်နိုင်ရန် ကြိုးပမ်းနေချိန်တွင် ယခုကဲ့သို့ သေဒဏ်ချမှတ်ခြင်းမှာ စက်ဆုပ်ဖွယ်ကောင်းသည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောသည်။ တရားခံ ဂျီနာဆန်က သေဒဏ်ချမှတ်ခံရခြင်းကို အယူခံဝင်ရန် စဉ်းစားနေသည်ဟု ယင်း၏ရှေ့နေ ပီတာဖာနန်ဒိုက ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ