နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂတ်တူဆိုကို စပါးအသင်းနည်းပြမခန့်ဖို့ တွစ်တာပေါ်မှာ လှုံ့ဆော်နေတဲ့ စပါးပရိသတ်

ဇွန် ၁၉


စပါးအသင်းဟာ နည်းပြသစ်အဖြစ် ဂတ်တူဆို ကို ခန့်အပ်ချိတ်ဆက်မှုတွေ လုပ်နေတာကို ဂတ် တူဆိုနဲ့ အရင်တုန်းက ဖြစ်ပျက်ခဲ့တဲ့ အငြင်းပွားဖွယ်ရာအဖြစ်အပျက်တွေကြောင့် စပါးအသင်း နည်းပြသစ်အဖြစ်ခန့်အပ်မှာကို ပြန်လည်စဉ်းစား ဖို့ ပရိသတ်တွေက တိုက်တွန်းလိုက်ပါတယ်။ စပါး အသင်းဟာ မော်ရင်ဟို ကို ထုတ်ပယ်ပြီးနောက်မှာ နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ရှာဖွေမှုတွေပြုလုပ် နေရာ ကွန်တီကို ဆွေးနွေးခဲ့ပေမယ့် အဆင်မပြေ ခဲ့တာကြောင့် ရိုးမားနည်းပြဟောင်း ဖွန်ဆီကာနဲ့ ဆွေးနွေးခဲ့ပေမယ့်လည်း အဆင်မပြေဖြစ်ခဲ့ပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ ဂတ်တူဆိုနဲ့ချိတ်ဆက်မှု တွေ ပြုလုပ်နေတာဖြစ်ပါတယ်။


ဂတ်တူဆိုဟာ ဒီရာသီမှာ  ဖီအိုရင်တီးနား အသင်းနဲ့ စာချုပ်ချုပ်ဆိုထားပေမယ့် အသင်းရဲ့ အပြောင်းအရွှေ့ပစ်မှတ်တွေကြောင့် ၂၃ ရက် အကြာမှာ အသင်းနဲ့စာချုပ်ဖျက်သိမ်းခဲ့တာပါ။ ဂတ်တူဆိုဟာ စပါးနဲ့ အေစီမီလန်အသင်းတို့ကစား ခဲ့တဲ့ (၂၀၁၁) ချန်ပီယံလိဂ်ပွဲစဉ်မှာ စပါးအသင်း လက်ထောက်နည်းပြ ဂျိုးဂျော်ဒန်နဲ့ အကြီးအကျယ် ပြဿနာဖြစ်ပွားခဲ့ပြီး နှစ်ဖက်အသင်းသားတွေ        ဝိုင်းဝန်းဖျန်ဖြေခဲ့ရတာလည်း ဖြစ်ပါတယ်။

အဲ့ဒီကတည်းက စပါးပရိသတ်တွေဟာ ဂတ်တူဆိုကို မုန်းတီးနေခဲ့တာပါ။စပါးပရိသတ် တွေကတော့ #NoToGattuso ဆိုတဲ့ စာသားကို တွစ်တာပေါ်မှာတင်ကြဖို့ ပရိသတ်တွေကို လှုံဆော် ခဲ့ကြပါတယ်။ စပါးအသင်းနဲ့ ဂတ်တူဆိုတို့ဟာ ဆွေးနွေးမှုတွေအပြီး မသတ်ရသေးပေမယ့် (၂) နှစ် စာချုပ်နဲ့ ခန့်အပ်ဖို့အတွက် ဆွေးနွေးမှုတွေဟာ ဆက်လက်ပြုလုပ်နေတယ်လို့ သတင်းတွေမှာ  ဖော်ပြထားပါတယ်။                                        

(SO)






အခြားဆက်စပ်သတင်းများ