ပဲခူး၊ ဇွန် ၁၈
ဇွန် ၁၃ ရက်တွင် ပဲခူးတိုင်း ဒေသကြီး၊ ဥဿာမြို့သစ်၊ ရပ်ကွက် ကြီး (၆)၊ သမိန်ဗရမ်းလမ်းရှိ ကညနရုံး အမှိုက်ပုံအနီး၌ PVC ပိုက်ဖြင့်ပြုလုပ် ထားသည့် ပေါက်ကွဲမှုမရှိသေးသော လက်လုပ်လက်ပစ်ဗုံး တစ်လုံးကိုတွေ့ ရှိရသဖြင့် CCTV မှတ်တမ်းများကို စစ်ဆေးရာ မွန်းလွဲ ၁ နာရီ ၃၅ မိနစ် ခန့်တွင် နယူးဇင်းနစ် 125 အမျိုးအစား မော်တော်ဆိုင်ကယ်အမှတ်၊ ၄၀ယ/ ၁၇၃၀၀ ဖြင့် အမျိုးသား ၂ ဦး ရောက်ရှိ လာပြီး အဆိုပါရုံးအတွင်းသို့ အဖြူ ရောင်ဆိုင်ကယ်ဦးထုပ်ဆောင်းထားသူ တစ်ဦးက လက်လုပ်ဗုံးဖြင့် ပစ်ခတ် ထွက်ပြေးသွားသည်ကိုတွေ့ ရှိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံ စုံစမ်းစစ်ဆေးရှာဖွေရာ ညနေ ၄ နာရီခွဲ ခန့်တွင် ဥဿာမြို့သစ်၊ ရပ်ကွက် ကြီး(၉)၊ နဝဒေးလမ်းရှိ အောင်ကိုလင်း (ခ)မင်းရန်ပိုင် (ဘ) ဦးတင်မြင့်၏ နေအိမ်၌ CCTV မှတ်တမ်းတွင် ပါရှိသည့် မော်တော်ဆိုင်ကယ်နှင့် ဆိုင်ကယ် ဦးထုပ်အဖြူရောင်တို့ကို တွေ့ရှိသဖြင့် ဝင်ရောက်စစ်ဆေးရာအောင်ကိုလင်း (ခ)မင်းရန်ပိုင်မှာ နေအိမ်ပြတင်း ပေါက်မှ ခုန်ချထွက်ပြေးသွားခဲ့ပြီး ယင်း ၏ သားဖြစ်သူ ဝဏ္ဏထွန်း အသက် (၁၈) နှစ်ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
ယင်း၏ ပြောကြားချက်အရ ဖခင်ဖြစ်သူနှင့်အတူ ကညနရုံးကို လက်လုပ်ဗုံးဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့ ကြောင်း၊ စေခိုင်းသူမှာ NLD ပါတီ ၏ စည်းရုံးလှုံ့ဆော်မှုဖြင့် CDM ပြုလုပ်တိမ်းရှောင်နေသည့် ပဲခူးခရိုင် ပညာရေးမှူးရုံး အကူဝန်ထမ်း၊ အမှတ် (၄၇၂)၊ ဥဿာမြို့သစ်၊ ရပ်ကွက်(၆)၊ နဝဒေးလမ်းနေ ဖြိုးမင်းဦး (ဘ) ဦးတင်ဦးဖြစ်ကြောင်း၊ ဖြိုးမင်းဦးက ဖောက်ခွဲမှုပြုလုပ်တိုင်း တစ်ကြိမ်လျှင် တစ်သိန်းကျပ်နှင့် ဖောက်ခွဲမှုအောင်မြင် ပါက တစ်သိန်းကျပ် ထပ်မံပေးဆောင် ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။
ဆွေဦး