နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်းတပ်မြို့နယ်မှ မီးရှို့သတ်ဖြတ်ခြင်းခံရသော ဆရာတော်ဘဒ္ဒန္တ ပညာဇောတ၏ ရုပ်အလောင်း ပြန်လည်တွေ့ရှိ

မင်းတပ်၊  ဇွန် ၁၄

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တွီဒိန်ကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာ ပြုကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တပညာဇောတသည် ဇွန် ၇ ရက်တွင် ဟားခါးမြို့၌ ကျင်းပ ပြုလုပ်မည့် အစိုးရပထမပြန်စာမေးပွဲ ဖြေဆိုရန်အတွက် ဇွန် ၄ ရက်တွင် ကျောင်းပိုင် Nissan Note မော်တော် ယာဉ်ဖြင့် တစ်ပါးတည်း ထွက်ခွာခဲ့ပြီး ပျောက်ဆုံးလျက်ရှိကြောင်းနှင့် မြေပြင် သတင်းအား ဆက်လက်ဖော်ထုတ် လျက်ရှိကြောင်း ဇွန် ၆ ရက်တွင် သတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆရာတော်အား မင်းတပ်-မတူပီ လမ်းပိုင်းတွင် အကြမ်းဖက်သောင်း ကျန်းသူများက မီးရှို့သတ်ဖြတ်ခဲ့ ကြောင်း သတင်းများရရှိသဖြင့် ဇွန် ၁၁ ရက်တွင် တောင်ပုလုကျောင်း တိုက်မှ ကပ္ပိယ ဦးလိန်းလောနှင့် ဒေသခံပြည်သူများက ဖြစ်စဉ်အတည် ပြုနိုင်ရေးသွားရောက် ရှာဖွေခဲ့ရာ  ၂၇ မိုင် (၇)ဖာလုံခန့်တွင် လမ်း၏ ဘယ်ဘက် ပေ ၅၀၀ ခန့်အကွာရှိ တောအတွင်း၌ မီးရှို့ခံထားရသည့် ခန္ဓာကိုယ်ပုံသဏ္ဍာန်နှင့်  ဆရာတော် ၏ မော်တော်ယာဉ်အား တွေ့ရှိခဲ့ရပြီး ဆရာတော်သတ်ဖြတ်ခံရမှု အခြေအနေ ကို မြေပြင်အတည်ပြုနိုင်ခဲ့သည်။

အဆိုပါ သာသနာတော်ထွန်းကား ပြန့်ပွားရေးအတွက် ဆောင်ရွက်နေ သည့် အပြစ်မဲ့ ရဟန်းတစ်ပါးကို အကြမ်းဖက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ တရားခံများကို ဖမ်းဆီးရမိ နိုင်ရေး မင်းတပ်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆွေဦး






အခြားဆက်စပ်သတင်းများ