နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အေတီကိုအသင်းကစားသမား ဆောနီဂွဇ်ကိုခေါ်ယူရန် လီဗာပူးအသင်း ကမ်းလှမ်း

ဇွန် ၁၄

လီဗာပူးအသင်းသည်  အသင်း၏ ကွင်းလယ်ပိုင်းကို  အင်အားဖြည့်တင်း ရန်အတွက် အေတီကိုအသင်း ကစား သမား ဆောနီဂွက်ဇ်ကို  ခေါ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

အသက် ၂၆ နှစ်အရွယ်ရှိ ဆောနီ ဂွက်ဇ်သည်   အေတီကိုအသင်း အကယ်ဒမီမှ ထွက်ပေါ်ခဲ့သည့် ကစား သမားတစ်ဦးဖြစ်ပြီး ယခင်နှစ်များ အသင်းတွင် အဓိက ကစား သမားအဖြစ် ပါဝင်ခဲ့သော်လည်း ပြီးခဲ့သည့် ဘောလုံး ရာသီက ပွဲထွက်ခွင့်  ပျောက်ဆုံးခဲ့ပြီး ပွဲစဉ်အများစုကို လူစားဝင်ကစားသမား အဖြစ်သာ ပါဝင်ခွင့်ရရှိခဲ့သည့်အတွက် အသင်းနှင့် လမ်းခွဲလိုနေခြင်းဖြစ်သည်။ ဆောနီဂွက်ဇ်သည် လာမည့်နွေရာသီ ကစားသမား  အပြောင်းအရွှေ့ကာလ တွင် အသင်းမှ ထွက်ခွာခွင့်တောင်းဆို ထားပြီး အသင်းကလည်း ယင်းအတွက် ထိုက်တန်သည့် ပြောင်းရွှေ့ကြေးရရှိပါ က ရောင်းချသွားမည်ဖြစ်သည်။

လီဗာပူးအသင်းသည်  အလွတ် ပြောင်းရွှေ့ကြေးဖြင့် ပီအက်စ်ဂျီအသင်း သို့ ပြောင်းရွှေ့သွားသည့် ကွင်းလယ် ကစားသမား  ဝင်နယ်လ်ဒမ်၏နေရာ တွင် အစားထိုးရန် အေတီကို ကွင်း လယ်ကစားသမား ဆောနီဂွက်ဇ်ကို ခေါ်ယူလိုနေခြင်း ဖြစ်သည်။ ယင်းကို လီဗာပူး အသင်းအပြင် ဥရောပထိပ်တန်း အသင်းကြီးများကလည်း  ခေါ်ယူရန်  စိတ်ဝင်စားနေကြောင်း သိရသည်။
 (သူရိန်)






အခြားဆက်စပ်သတင်းများ