နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပွဲကစားနေစဉ်အတွင်း အဲရစ်ဆင်ရဲ့ အသက်အန္တရာယ်အဖြစ်အပျက်ကြုံခဲ့ရတဲ့ ဒိန်းမတ်

ဇွန် ၁၄

ယူရိုပြိုင်ပွဲရဲ့   အုပ်စုပွဲစဉ်အဖြစ် ဒိန်းမတ်နဲ့  ဖင်လန်အသင်းတို့ရဲ့ ပွဲစဉ် မှာ ဒိန်းမတ်အသင်းရဲ့ ကွင်းလယ်လူ အဲရစ်ဆင်ဟာ  ပွဲကစားချိန်အတွင်း ရုတ်တရက် လဲကျသွားတဲ့အဖြစ်အပျက် ဖြစ်ခဲ့ပေမယ့်  ဒိန်းမတ်နဲ့ဖင်လန်ပွဲကိုဆက်ကစားရာ ဖင်လန်နိုင်ငံက ၀-၁ ရလဒ်အနိုင်ရခဲ့ပါတယ်။

ပထမပိုင်း မိနစ် ၄၀ ကျော်လောက် မှာ ဒိန်းမတ်အသင်း လက်ပစ်ဘောရခဲ့ ပြီး အသင်းဖော်က အဲရစ်ဆင်ဆီအပေး မှာ သူဟာ ရုတ်တရက်လဲကျသွားခဲ့တာ ဖြစ်ပြီး ဒိန်းမတ်ကစားသမားက ဆေး အဖွဲ့ အမြန်လာဖို့အချက်ပေးခဲ့ပါတယ်။ ဆေးအဖွဲ့တွေဟာ အဲရစ်ဆင်ကို အချိန် အတော်ကြာတဲ့အထိ   အသက်ပြန်ရှု အောင် ရှေးဦးသူနာပြုနည်းလမ်းတွေနဲ့ ဆေးကုသမှု   ပြုလုပ်ခဲ့ရတဲ့မြင်ကွင်း ကြောင့် ရုတ်တရက်နှလုံးခုန်ရပ်သွား တာမျိုးဖြစ်နိုင်ပါတယ်။   ဒိန်းမတ် ကစားသမားတွေက   အဲရစ်ဆင် ဆေး ကုသမှုခံယူနေချိန်မှာ ရုပ်သံမြင်ကွင်း ထဲမပါအောင် ပတ်ပတ်လည်ဝန်းရံခဲ့ ကြပါတယ်။

အဲရစ်ဆင်ရဲ့ဇနီးဖြစ်သူကို  ဂိုးသမား ကက်စ်ပါရှမိုက်ကယ်နဲ့ အသင်းခေါင်း ဆောင် ခါဂျာတို့က ဝိုင်းဝန်းနှစ်သိမ့်ပေး ခဲ့ကြပါတယ်။ အဲရစ်ဆင်ကိုလည်း ဆေးရုံ အလျင်အမြန် ပို့ဆောင်ခဲ့ရသလို နောက် ဆုံးသတင်းတွေအရ  အဲရစ်ဆင်ဟာ သတိပြန်ရလာပြီး   အသက်အန္တရာယ်  မရှိတော့ဘူးလို့လည်း သိရပါတယ်။

အသင်းခေါင်းဆောင်   ခါဂျာဟာ အဲရစ်ဆင်က သူ့ရဲ့လျှာအတွင်းဘက်သို့ မျိုချမိပြီး လေပြွန်မပိတ်သွားစေဖို့ ရှေးဦး သူနာပြုနည်းနဲ့ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ နာမည်ကျော်  ဘောလုံးသမားတွေက အဲရစ်ဆင်ကို အမြန်ဆုံးပြန်ကောင်းမွန် လာဖို့ ဆုတောင်းမှုတွေပြုလုပ်ပေးခဲ့ပါ တယ်။                                       (SO)






အခြားဆက်စပ်သတင်းများ