နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်တာမီလန်အသင်းမှာသာမက နိုင်ငံအသင်းမှာပါ ခြေစွမ်းပြနေတဲ့လူကာကူ

ဇွန် ၁၄

ယူရို ၂၀၂၀ ရဲ့ အုပ်စု(ခ)ပွဲစဉ်ဖြစ်တဲ့ ဘယ်လ်ဂျီယံနဲ့ ရုရှားတို့ရဲ့ပွဲမှာတော့လူကာကူရဲ့ သွင်းဂိုးတွေနဲ့ ဘယ်လ်ဂျီယံ ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပါတယ်။ လူကာကူက တော့ ခြေစွမ်းတွေပြပြီး အသင်းအတွက် ပွဲချိန် ၁၀ မိနစ်မှာ အဖွင့်ဂိုးသွင်းယူပြီး ချိန်မှာတော့  အဲရစ်ဆန်ကိုရည်ရွယ် ပြီး အောင်ပွဲခံသွားခဲ့ကာ “မင်းကိုငါ ချစ်တယ်၊ အဲရစ်” လို့လည်း ပြောဆိုခဲ့ ကြောင်း သိရပါတယ်။
ဗိုလ်စွဲဖို့အထိပါ ရေပန်းစားနေတဲ့ ဘယ်လ်ဂျီယံဟာ ဒီဘရိုင်းနဲ့ ဟာဇက် တို့ မပါဝင်ခဲ့ပေမယ့်ရုရှားကို ခြေစွမ်း အသာနဲ့ ဂိုးပေါက်တည့်မှု ၄ ကြိမ်မှာ ၃ ကြိမ်ကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ ပါတယ်။ ရုရှားကတော့ ဘယ်လ်ဂျီယံ ရဲ့ ဘောလုံးပိုင်ဆိုင်မှု  အသာစီးရယူမှု အောက်မှာပဲရှိနေခဲ့ရပြီး တစ်ပွဲလုံးမှာ ဂိုးပေါက်တည့်မှု ၁ ကြိမ်တည်းသာရှိခဲ့ ပါတယ်။ ဘယ်လ်ဂျီယံအတွက် ပွဲချိန် ၃၄ မိနစ်မှာ မူနီယာ၊  ၈၈ မိနစ်မှာ လူကာကူတို့က ဂိုးတွေသွင်းယူပေး ခဲ့ကြပြီး အဖွင့်ပွဲကို ဂိုးပြတ်နိုင်ပွဲနဲ့စတင် နိုင်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာ ကူ ကတော့ ပွဲအပြီးမှာ အဲရစ်ဆန်ရဲ့အဖြစ် အပျက်ကြောင့် သူထိတ်လန့်မိခဲ့တယ် လို့ဝန်ခံခဲ့ပြီး အသင်းဖော်ရဲ့အခြေအနေ အကောင်းဆုံး  ပြန်ဖြစ်လာမယ်လို့ လည်း   မျှော်လင့်ကြောင်းပြောဆိုခဲ့ပါတယ်။ အဲရစ်ဆန်ရဲ့  ကွင်းအတွင်း ရုတ်တရက်လဲကျခဲ့မှုကြောင့် ဘောလုံး လောကတစ်ခုလုံး   ထိတ်လန့်ခဲ့ရပြီး ကစားသမားအတွက် စိုးရိမ်စိတ်များ ဖြစ်ခဲ့ကြရကာ ပြန်လည်သက်သာလာ ခဲ့လို့ စိတ်သက်သာရာရခဲ့ကြရပါတယ်။
(SO)






အခြားဆက်စပ်သတင်းများ