နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၂ ကာတာကမ္ဘာ့ဖလားဝင်ခွင့်အတွက် နေရာတစ်နေရာမခိုင်မာသေးတဲ့ အင်္ဂလန်အသင်း

ဇွန် ၁၄

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားအတွက် အင်္ဂလန်အသင်းရဲ့ ခြေစစ်ပွဲအာင်နိုင်ခြေ ရှိ၊ မရှိ အခြေအနေကော ယူရိုပြိုင်ပွဲ ကိုပါ ရင်ခုန်စိတ်လှုပ်ရှားစွာအားပေး နေကြပြီးနောက် တစ်ခါဥရောပ လိဂ် ပြိုင်ပွဲများကို  ထပ်မံကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားကို မူကာတာနိုင်ငံက  အိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်တာကြောင့် အစ္စလမ် ဘာသာကိုးကွယ်ယုံကြည်သူ များပြား သည့် ကာတာနိုင်ငံတွင် ကျင်းပသည့် သမိုင်းဝင်ပြိုင်ပွဲတစ်ခု ဖြစ်လာမှာပါ။ အင်္ဂလန်အသင်းအနေနှင့်မူ   ယခု လက်ရှိတွင်   ယူရိုပြိုင်ပွဲအတွက် အားစိုက်ကြိုးပမ်းနေရချိန်မှာ ၂၀၂၂ ကမ္ဘာ့ဖလားအတွက် နေရာတစ်နေရာ မှာ မခိုင်မာသေးပေ။ လက်ရှိမှာအင်္ဂလန် အနေဖြင့်  ခြေစစ်ပွဲစဉ်အုပ်စုတွင်း၌ ပိုလန်နှင့်  ဟန်ဂေရီအသင်းတို့၏ အထက်တွင်  ရပ်တည်နေပေမယ့် ထိုအသင်း ၂ သင်းမှာ  အုပ်စုပထမ နေရာအတွက် အင်္ဂလန်ကိုခြိမ်းခြောက် နိုင်တဲ့အသင်းများ ဖြစ်နေသောကြောင့် ဖြစ်ပါတယ်။

အင်္ဂလန်အနေဖြင့်  ကမ္ဘာ့ဖလား ဝင်ခွင့်ရရန် အုပ်စုတွင်း နောက်ထပ် ၁၀ ပွဲကစားရန် ကျန်ရှိနေပြီး နောက်ဆုံး ခြေစစ်ပွဲကိုမူ  အဝေးကွင်းဖြစ်သည့် ဆမ်မာရီယိုတွင်ကစားရမည်ဖြစ် သည်။ အင်္ဂလန်အပါအဝင် အုပ်စုအတွင်းရှိ ကမ္ဘာ့ဖလားကို   ဝင်ခွင့်ရရန်အတွက် နောက်ဆုံး ၃ သင်းစာရင်းတွင် ပါဝင် နိုင်ရန်  ကြိုးပမ်းရမှာဖြစ်ပါတယ်။ ကာတာနိုင်ငံအနေဖြင့် ကမ္ဘာ့ဖလား ‌ဘောလုံးပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်နေမှစတင်ကာ ဒီဇင်ဘာ ၁၈ ရက် နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
(SO)






အခြားဆက်စပ်သတင်းများ