ပြင်ဦးလွင်၊ ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်ပြင်ဦးလွင်မြို့နယ်မန္တလေး-ပြင်ဦးလွင်အဆင်း လမ်းမိုင်တိုင် ၁၉/၁ အနီး အေးငြိမ်းပြည်သာဘုရားအဆင်းတွင် ဇွန် ၉ ရက် နံနက်ပိုင်းက နောင်ချိုဘက်မှ မန္တလေးဘက်သို့ ပြောင်း များတင်ဆောင်လာသော TLR/---- တွဲယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်မောင်းထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် လူမှုကူညီရေး အဖွဲ့များက ကူညီဆောင်ရွက်ပေးပြီး ဒဏ်ရာရရှိသူကို မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။ မောင်ပြည်သူ(မန္တလေး)