နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရီးရဲလ်ရဲ့နောက်ဆုံးအကြိမ် ကမ်းလှမ်းမှုကိုလက်သင့်ခံလိုက်တဲ့ ရာမို့စ်

ဇွန် ၁၁

ရီးရဲလ်အသင်းခေါင်းဆောင်ရာမို့စ် ဟာ  စာချုပ်သစ်ချုပ်ဆိုရေးအတွက် အသင်းဘက်က နောက်ဆုံးအကြိမ် ကမ်းလှမ်းလာမှုကို လက်သင့်ခံလိုက်ပြီ ဖြစ်ကြောင်း  စပိန်သတင်းစာ AS က ဖော်ပြလာခဲ့ပါတယ်။ ရာမို့စ်ရဲ လက်ရှိ စာချုပ် သက်တမ်းက ယခုလအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ရီးရဲလ် ဟာ ဂန္ထဝင်ကြီးတွေအပါအဝင် အသက် ရလာတဲ့ကစားသမားတွေကို တစ်နှစ် စာချုပ်သက်တမ်းပဲ ချုပ်ဆိုလေ့ရှိပါ တယ်။

ရီးရဲလ်ဟာ အလာဘာကို ခေါ်ယူ ထားနိုင်မှု၊ ရာမို့စ်မပါနိုင်ချိန် ပြီးခဲ့တဲ့ ရာသီကနာချိုနဲ့ မီလီတာအိုတို့ခြေစွမ်းပြ နိုင်မှု၊ ရာမို့စ်ရဲ့ ဒဏ်ရာပြဿနာတွေ ကြောင့် ကာလရှည် စာချုပ်သစ်ချုပ် ဆိုဖို့ လက်တွန့်နေတာပါ။  ရာမို့စ်ဟာ ဆီဗီလာကနေ ရီးရဲလ်ကို ရောက်လာ ပြီးနောက် ၁၆ နှစ်တာကာလအတွင်း အသင်းအတွက်  စုစုပေါင်း ၆၇၁ ပွဲမှာ ၁၀၁ ဂိုးအထိ  သွင်းယူကာ  ဂိုးဖန်တီး မှုအကြိမ် ၄၀ ပြုလုပ်ပေးထားနိုင် ပါတယ်။ ရီးရဲလ်ဟာ အသက် ၃၅ နှစ်အရွယ်ရှိ  ရာမို့စ်အပြင် သူ့ရဲ့ တွဲဖက်ဗဟိုနောက်ခံလူ  ဗာရန်းကို လည်း စာချုပ်သစ်ချုပ်ဆိုဖို့ လိုအပ် နေပြီး အဆိုပါ ၂၈ နှစ်သားရဲ့ စာချုပ် သက်တမ်းက ၂၀၂၂ နွေရာသီဆို ကုန်ဆုံး တော့မှာဖြစ်ပါတယ်။  ရာမို့စ်ဟာ အရင်တုန်းက အသင်းနဲ့ ၂ နှစ်စာချုပ် သစ်ချုပ်ဆိုလိုခဲ့ပေမယ့် အသင်းဥက္ကဋ္ဌ ပီရက်ဇ်က တစ်နှစ်ပဲ သက်တမ်းတိုးချင် ခဲ့တာဖြစ်ပါတယ်။                          (SO)






အခြားဆက်စပ်သတင်းများ