နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူနိုက်တက်မှာသာမက နယ်သာလန်အသင်းမှာပါ ဒဏ်ရာပြဿနာနဲ့ကြုံတွေ့နေရတဲ့ ဗန်ဒီဘိ

ဇွန် ၁၁

အသက် ၂၄ နှစ်အရွယ် ကွင်းလယ် ကစားသမား ဒွန်နီဗန်ဒီဘိဟာ ယူရို ၂၀၂၀ ပြိုင်ပွဲက‌နေ နှုတ်ထွက်သွားတာ ကြောင့် ယူနိုက်တက်ပရိသတ်တွေ အတွက် အံ့အားသင့်သွားခဲ့ပါတယ်။ ယူရို ၂၀၂၀ ပြိုင်ပွဲဝင်မယ့် နယ်သာလန် လက်ရွေးစင်အသင်းမှ ပေါင်ခြံ ဒဏ်ရာ ကြောင့်နုတ်ထွက်ရတာ  ဖြစ်တယ် လို့ မွေးရပ်မြေမှ  သတင်းတွေအရ သိရှိရပါတယ်။ De Telegraaf က ဗန်ဒီဘိဟာအဆိုပါဒဏ်ရာနဲ့ ရက် သတ္တပတ်ပေါင်းများစွာ ကစားနေ ခဲ့တယ်လို့ဆိုပါတယ်။ ဒီသတင်းထွက် ပေါ်လာပြီးနောက် မားကတ်ရက်ဖို့ဒ်က သူ့ရဲ့ တွစ်တာကနေ   ဗန်ဒီဘိကိုအားပေး စကား ပြောကြားခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင်က အသင်းဝက်ဆိုဒ်နဲ့ အင်တာဗျူးမှာ ယူနိုက်တက် ကစားသမား ( ၅ ) ၊ ( ၆ ) ၊( ၇ ) ဦး လောက်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲကို ဒဏ်ရာပြဿနာတွေနဲ့ ကစားခဲ့ ကြတယ် လို့ဆိုပါတယ်။

ဗန်ဒီဘိက အဆိုပါ  ပွဲစဉ်မှာ အရန်ကစားသမားသာဖြစ်နေခဲ့ ပေမယ့် ဒဏ်ရာပြဿနာကို ခံစားခဲ့ ရဟန်ရှိပါတယ်။ သူဟာအဆိုပါပွဲစဉ်ကိုအကိုက်အခဲပျောက်ဆေးတွေသောက် ပြီးဖြတ်ကျော်ခဲ့ရတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ နည်းပြဆိုးရှားက လပေါင်းများစွာ  ကြာသည့်တိုင် ကစားသမားအတွက် နေရာရှာမတွေ့ ခဲ့ပါဘူး။ ဗန်ဒီဘိက ယူနိုက်တက်နဲ့ ပထမရာသီမှာ ကံမကောင်းခဲ့ပါဘူး။ ယူနိုက်တက်ရဲ့ အဓိက ကစားသမား အချို့ ဒဏ်ရာရသွားချိန်မှာ ဗန်ဒီဘိကလည်းဒဏ်ရာပြဿနာနဲ့ရင်ဆိုင်ခဲ့ရ ပြန်ပါတယ်။ လက်ရှိမှာတော့ဗန်ဒီဘိ အနေနဲ့လာမယ့်ရာသီအတွက် အသင့် ဖြစ်စေဖို့ အကောင်းဆုံးအနားယူဖို့ အထူးလိုအပ်လျက်ရှိနေပါတယ်။   (SO)






အခြားဆက်စပ်သတင်းများ