နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်စတာရဲ့ နှုတ်ဆက်ထွက်ခွာ စာရင်းထဲမှာ အမာခံတွေနဲ့ လူငယ်ကစားသမားတွေပါဝင်နေ

ဇွန် ၁၀


နှစ်နှစ်ဆက် ချန်ပီယံလိဂ် ပြိုင်ပွဲနဲ့ လွဲချော် ခဲ့ပြီးနောက် လက်စတာက တာဝန်ရှိ သူတွေဟာ တတ်နိုင်သမျှ ဝိတ်လျှော့ဖို့ လုပ်ဆောင်မှုအဖြစ် ကစားသမားကိုးဦးကို စာချုပ်သစ်မချုပ်ဆိုဖို့ ဆုံးဖြတ်လိုက်ပြီး အသင်းက ထွက်ခွာခွင့် ပေးလိုက်ပါတယ်။ လက်စတာထွက်ခွာခွင့်ပေးတဲ့ သူတွေထဲမှာ အသင်းခေါင်းဆောင် မော်ဂန်နဲ့ ခရစ်စတီယန်ဖျူစ့် တို့လည်း ပါပါတယ်။ မော်ဂန် နဲ့ ဖျူစ့်တို့ဟာ လက်စတာ အသင်း ပရီးမီယားလိဂ် ဖလား ရခဲ့တဲ့ ၂၀၁၅-၂၀၁၆ ခုနှစ်မှာ အဓိက ကစားသမားအဖြစ် ပွဲထွက်ခဲ့ကြသူတွေဖြစ်ပါတယ်။ မော်ဂန်ဟာ၂၀၁၂ ခုနှစ်မှာ နော်တင် ဟမ်ဖောရက်စ် ကနေ လက်စတာ စီးတီးကို ပေါင် ၁ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး၊ လက်စတာ စီးတီးအသင်း နဲ့ အတူ ပရီးမီးယားလိဂ်ဖလား ၊ ချန်ပီယံရှစ်ဖလား၊ အက်ဖ်အေဖလား တို့ ရယူနိုင်ခဲ့ပြီးချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေမှာလည်း ကစားခဲ့ဖူးသူပါ။ အသက် ၃၅ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ခရစ်စတီယန်ဖျူစ့်ကတော့ ၂၀၁၅ ခုနှစ်မှာ ရှော်ကေးကနေ ရောက်ရှိလာသူပါ။ ဒီရာသီမှာ လက်စတာအတွက် လိဂ် ၉ ပွဲ ကစားပေးခဲ့ပါတယ်။ လူငယ်ကစားသမားတွေဖြစ်တဲ့ လေတန်အန်ဒက်ကူ၊ ဘောစ့်ဝေါ့တ်၊ အိုကော်နာ၊ အာလော့ဂျွန် ၊ အဒူလေတို့နဲ့အတူ လက်စတာအတွက် နောက်ဆုံး ခြောက်ရာသီမှာ လိဂ် ၁၅ ပွဲသာ ကစားခဲ့ရတဲ့ မက်တီဂျိမ်းစ်လည်း နှုတ်ဆက်ထွက်ခွာ စာရင်းထဲမှာ ပါဝင်နေတာတွေ့ရပါတယ်။                       

(SO)






အခြားဆက်စပ်သတင်းများ