နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မော်လ်ဒိုက်နိုင်ငံခြားရေးဝန်ကြီးကို UN အထွေထွေညီလာခံ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်

ကုလသမဂ္ဂ ၊ ဇွန် ၉


လာမည့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA)၏ ဥက္ကဋ္ဌအဖြစ် မော်လ်ဒိုက် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Abdulla Shahid ကို ရွေးချယ် တင်မြှောက်လိုက်ကြောင်း သိရသည်။ အထွေထွေညီလာခံဥက္ကဋ္ဌသစ်အတွက်  လျှို့ဝှက်မဲပေး ရွေးချယ်မှုတွင် ၎င်းသည် ပြိုင်ဘက် အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီး Zalmai Rassoul အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ မော်လ်ဒိုက် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Abdulla Shahid သည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၉၁ နိုင်ငံမှ အဖွဲ့များ၏ လျှို့ဝှက်မဲ ပေးမှုတွင် ထောက်ခံမဲ ၁၄၃ မဲဖြင့် အထွေထွေညီလာခံ ဥက္ကဋ္ဌ ရာထူးအတွက် ရွေးချယ်ခံရခြင်း ဖြစ်သည်။


ဥက္ကဋ္ဌအဖြစ်  ရွေးချယ်ခံရပြီး နောက်  ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေး၌ မိန့်ခွန်း ပြောကြားရာတွင် Shahid က ကုလသမဂ္ဂအ‌ထွေထွေညီလာခံ ဥက္ကဋ္ဌ တစ်ဦးအနေဖြင့် ၎င်း၏ ဦးစားပေး လုပ်ငန်းစဉ်မှာ COVID-19 ကပ်ရောဂါမှ ပြန်လည် နာလန်ထူရေးဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ Shahid သည် ဥက္ကဋ္ဌတာဝန်သစ်ကို လာမည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စတင်ထမ်းဆောင် သွားရမည်ဖြစ် သည်။ ယင်းအနေဖြင့် လက်ရှိ ကုလသမဂ္ဂအထွေထွေညီလာခံဥက္ကဋ္ဌ တူရကီနိုင်ငံသား Volkan Bozkir ၏ နေရာတွင် ဆက်ခံရမည်ဖြစ်ကြောင်း သိရသည်။                  

ရဲခေါင် (ref;BBC)






အခြားဆက်စပ်သတင်းများ