နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် လူ ၂၀ သေဆုံး

ဂျေရုဆလင်   မေ   ၁၃

ဂါဇာကမ်းမြောင်ဒေသတွင် အခြေစိုက်သည့် ဟားမတ်စ်အဖွဲ့နှင့် အခြားသော ပါလက်စတိုင်းစစ်သွေးကြွများကို အစ္စရေးဘက်က လေကြောင်းထိုးစစ်ဖြင့် အဆက်မပြတ်တိုက်ခိုက်မှုကြောင့် ကလေး ငယ်များအပါအဝင် အနည်းဆုံး လူအယောက် ၂၀ အသက် ဆုံးရှုံး ခဲ့ရကာ ၆၅ ယောက် ထိခိုက်ဒဏ်ရာရသွားခဲ့ကြောင်း သိရသည်။ သေဆုံးသူ ၂၀ အနက် ဟားမတ်စ်စစ်သွေးကြွ တပ်မှူးတစ်ယောက် နှင့်အတူ ကလေးငယ် ကိုးယောက်ပါဝင်သွားခဲ့ပြီး ဟားမတ်စ်အဖွဲ့ အနေဖြင့် အနီရောင်နယ်နိမိတ်စည်းကိုကျော်ပြီး ဂျေရုဆလင်နှင့် ဂျူးလူမျိုးစုများနေထိုင်ရာ ပြည်နယ်များကို ဒုံးကျည်များဖြင့် ဆက်ပစ် နေမည်ဆိုပါက အစ္စရေးရဲ့လက်တုံ့ပြန်မှုကို ပိုမိုရင်ဆိုင်ရမည်ဖြစ် ကြောင်း အစ္စရေးဝန်ကြီးချုပ်က သတိပေးထားသည်။

ပါလက်စ္စတိုင်းတို့အနေဖြင့် အယ်လ်အစ်ဆာဗလီဟု အထွတ် အမြတ်ထားပြီး ဂျူးများက Temple Mount လို့ မြင့်မြတ်သန့်စင်တဲ့ နေရာအဖြစ်သတ်မှတ်ထားသည့် ဝတ်ကျောင်းတော်တွင် အစ္စရေး ရဲတပ်ဖွဲ့နှင့်  ပါလက်စတိုင်းနိုင်ငံသားများ ထိပ်တိုက်တွေ့ခဲ့သည့် အဓိကရုဏ်းဖြစ်စဉ်များ ဖြစ်ပွားပြီးနောက်ပိုင်း ယခုကဲ့သို့ တိုက်ခိုက် မှုများရှိလာခဲ့ခြင်းဖြစ်သည်။ ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ် စစ်သွေးကြွများသည် ဒုံးကျည်အလုံးပေါင်း ၁၅၀ ခန့် အသုံးပြု၍ အစ္စရေးဘက်ကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က သတင်း ထုတ်ပြန်ထားသည်။
မျိုးဝင်း(Ref;Reuters)






အခြားဆက်စပ်သတင်းများ