နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူဆယ်မြို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မူဆယ် မေ ၁၈

မေ ၁၇ ရက်၊ နံနက်  ၄ နာရီခွဲအချိန်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ရထိုက် လမ်းဆုံတွင် စိုးလှိုင်(ခ) မောင်ရွှေ(၂၈)နှစ် မောင်းနှင်ပြီး မင်းထက်ကျော်လင်း(၂၅)နှစ် လိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ ၎င်းတို့ ၂ ဦးကြားတွင် တင်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀,၀၀၀ ပြားနှင့် ဖုန်းတစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ကွင်းဆက်အရ ပူးပေါင်းအဖွဲ့သည် မောင်မောင်တူး  (၃၀)နှစ်အား ၎င်း၏နေအိမ်တွင် ဖုန်းတစ်လုံးနှင့် အတူဖမ်းဆီးရမိခဲ့ပြီးနောက် အဆိုပါပူးပေါင်းအဖွဲ့သည် ကောင်းမှုတုံရပ်ကွက်ရှိ စိုးလှိုင်(ခ)မောင်ရွှေ၏ နေအိမ်အားဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်း၌ စက္ကူဂျပ်ဖာအတွင်း ပလပ်စတစ် ၃၀ ထုပ်ဖြင့် ထည့်လျက် စိတ်ကြွဆေးပြား ၁၈၀,၀၀၀ ပြားအား ထပ်မံသိမ်းဆည်း ရမိခဲ့သဖြင့် စိုးလှိုင်(ခ)မောင်ရွှေပါ အမျိုးသား ၃ ဦး (ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သောဆေးဝါးများဆိုင်ရာဥပဒေအရ စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ