နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မောင်တောမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တို့တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

မောင်တော မေ ၁၇

မေ ၁၆ ရက်၊ ည ၉ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ မောင်လှအေး(၂၄) နှစ် မောင်းနှင်လာသည့် ၆င/---- Lifan ၆ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်ရှိ ဆာလာအိတ် ၃ အိတ်အတွင်းမှ WY/R စာတမ်းပါ စိတ်ကြွဆေးပြား ၄၈၇၅၀၀ ပြားအား သိမ်းဆည်း ရမိခဲ့သဖြင့် ယင်းနေ့ည ၁၁ နာရီခွဲ အချိန်တွင် မောင်လှအေး (ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အလားတူ မေ ၁၆ ရက်၊ ညနေ ၆ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ နန်းတော်ကျေးရွာနေ ထွန်းဦး(၄၀)နှစ် ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်အပေါ်ထပ်၌ တွေ့ရှိရပြီး နေအိမ်အိပ်ခန်းအတွင်းမှ ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် WY စာတမ်းပါ စိတ်ကြွဆေးပြား ၁၂၆၀၀ ပြားအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မေလ ၁၆ ရက်၊  ည ၁၁ နာရီ ၁၀ မိနစ်အချိန် ထွန်းဦး(ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ