နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် မေ ၁၇

 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများ မဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက်ဖမ်းဆီး အရေးယူဆောင်ရွက်ခဲ့ရာ မေ ၁၆ ရက်၊ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညောင်စုရွာအုပ်စု၊ ဒိုင်းစုရွာ ဂေါက်ကွင်းပတ်လမ်းမပေါ်၌ ဇော်ဝင်းထွဋ်ထံမှ အရိုးအသွား(၂၇)လက်မခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်းကိုလည်းကောင်း၊ လှိုင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၆ နာရီအချိန်တွင် (၄)ရပ်ကွက်၊ သီရိမင်္ဂလာဈေးဝင်ပေါက်၌ ကျော်မိုးထံမှ အရိုးအသွား (၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ သာကေတ မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် (၁၂)ရပ်ကွက်၊ ရှုခင်းသာမြို့ပတ် လမ်းမပေါ်၌ သော်သော်အောင်(ခ)သော်သော် ထံမှ အရိုးအသွား(၆)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ည ၁၀ နာရီ ၂၀ မိနစ်အချိန်တွင် (၂၀)ရပ်ကွက်၊ မင်းရာဇာလမ်းမပေါ်၌ သက်ထွန်းထံမှ အရိုးအသွား(၁၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရရှိခဲ့ပါ သည်။

အဆိုပါ သိမ်းဆည်းရမိလက်နက်များနှင့်အတူ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ