နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ တရားမဝင်သစ်များ သိမ်းဆည်းရမိ

နေပြည်တော် ဧပြီ ၂၄

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထု အခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၂ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်သစ်တောဦးစီးဌာနများမှ ပေးပို့ လာသောစာရင်းများအရ တရားမဝင် ကျွန်း ၃၂ ဒသမ ၆၈၈၂ တန်၊ သစ်မာ ၁၆ ဒသမ ၆၅၁၄ တန်၊ အခြား ၁၁၆ ဒသမ ၃၅၁၄ တန် စုစုပေါင်းတန် ၁၆၅ ဒသမ ၆၉၁၀၊ ပြစ်မှုကျူးလွန်သူ ၁၄ ဦး၊ ယာဉ်နှင့် ယန္တရား ၁၅ စီး သိမ်းဆည်းရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
ဆွေဦး






အခြားဆက်စပ်သတင်းများ