နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျိုက်ထို၌ ဆိုင်ကယ်တစ်စီး ဓာတ်တိုင်ကို ဝင်တိုက်မိရာ ဆိုင်ကယ်မောင်းသူ သေဆုံး

ကျိုက်ထို ဧပြီ ၂၄

ကျိုက်ထိုမြို့ကော့စံနိုင်ရပ်ကွက် လူမှုဖူလုံရေးရုံးရှေ့ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၀၆/၃)နှင့်(၁၀၆/၄)ကြားတွင် ဧပြီ ၂၁ ရက် မွန်းတည့် ၁၂ နာရီခန့်က အရှိန်မထိန်းနိုင်သည့် ဆိုင်ကယ် တစ်စီးသည် လမ်း၏ယာဘက်ရှိ ဓာတ်တိုင်ကို ဝင်တိုက်မိ၍ ဆိုင်ကယ် မောင်းသူသေဆုံးမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာကျိုက်ထိုမှ လက်ပြကျေးရွာသို့ ကောင်းထက်ကျော်မောင်းနှင်ပြီး ကိုငြိမ်း(ခ)ငြိမ်းချမ်းလိုက်ပါ လာသည့်ဆိုင်ကယ်သည် အဆိုပါနေရာအရောက်၌ ယာဘက်လမ်းရှိဓာတ်တိုင်ကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိသဖြင့် ယာဉ်မောင်းကောင်းထက်ကျော်မှာ ရရှိဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ကြောင်း သိရသည်။
ဆွေဦး






အခြားဆက်စပ်သတင်းများ