နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးမြို့တွင် လျှပ်စစ်အပူလွန်ကဲရာမှ မီးလောင်မှုများဖြစ်ပွား

မန္တလေး     မေ    ၁၇

မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် ၇၃ လမ်းနှင့် ၇၄ လမ်းကြား၊ မင်္ဂလာလမ်းနှင့်မင်းကြီးရန်နောင် လမ်းကြား၊ ငွေတော်ကျီကုန်းရပ်ကွက်ရှိ ဦးထွန်းနိုင်ပိုင်ဆိုင်သော ပေ ၂၀ x ပေ ၄၀သွပ်မိုး၊ ပျဉ်းခင်းနံကပ် ၂ ထပ်တွင် မေ ၁၆ ရက်၊ နံနက် ၇ နာရီ ၄၅ မိနစ်က ဆီကြိတ်စက်ရုံရှိမီးအားမြှင့်စက်အပူလွန်ကဲရာမှ အနီးရှိ သစ်သားတန်းသို့ကူးစက်ပြီး မီးလောင်မှုဖြစ်ပွားရာ ပေ ၂၀  x ပေ ၄၀ သွပ်မိုး၊ ပျဉ်ခင်း၊ နံရံကပ် ၂ ထပ် ၁ လုံး နှင့် အတွင်းပစ္စည်းများစုစုပေါင်း ကျပ် ၁၅၀ဝ၀ဝ၀ ခန့်ဆုံးရှုံးခဲ့သည်။

မီးလောင်ရာသို့ မန္တလေးတိုင်းဒေသကြီး၊ မီးသတ်ဦးစီးမှူးဦးသန်းဇော်ဦး ဦးဆောင်သော မီးငြှိမ်းသတ် ယာဉ် ၂၂ စီး၊ ရေသယ်ယာဉ် ၈ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၆၀ ဦး၊ ဒေသအရန်မီးသတ် တပ်ဖွဲ့ဝင် ၉၀ ဦးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၁၁ နာရီ မိနစ် ၃၀ တွင် မီးငြိမ်းသွားသည်။ မီးလောင်မှုနှင့် ပတ်သက်၍ မန်နေဂျာဦးအောင်ကျော်ညွန့်အား ပြည်ကြီးတံခွန်မြို့မရဲစခန်းက (ပ)၂၉၅/၂၀၂၀၊ ပုဒ်မ၂၈၅ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

အလားတူ မန္တလေးမြို့မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက်ရပ်ကွက်အကွက် (၅၂၅) ၃၉ လမ်းနှင့် ၈၅ လမ်းထောင့် အိမ်ငှားဦးမင်းအောင်၏ ၁၅ ပေ x ပေ ၂၀ အာစီ ၄ ထပ်သင်ထောက်ကူ  ပစ္စည်း အရောင်းဆိုင်တွင် မေ ၁၆ ရက်၊ ည ၉ နာရီ မိနစ် ၄၀ က Extension ဝါယာကြိုးအပူလွန်ကဲပြီး အနီးရှိ  ဆေးဝါးပစ္စည်းများထည့်ထားသော ဂျပ်ဖာမှတစ်ဆင့် ကူးစက်ပြီး မီးလောင်မှုဖြစ်ပွားရာ ၁၅ ပေ x ပေ ၂၀ အာစီ ပထမထပ် ၁ ထပ်၊ ကလစ်စတင်းအလှဆီပစ္စည်းများအပါအဝင် ကျပ် ၃၀ဝ၀ဝ၀ဝ ဆုံးရှုံးခဲ့သည်။

မီးလောင်ရာသို့ မန္တလေးခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်  ၆၀ ဦး၊ ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ဝ ဦး စုစုပေါင်းမီးငြှိမ်းသတ်ယာဉ် ၂၅ စီး မီးသတ်ရေသယ်ယာဉ် ၁၂ စီး၊ အထပ်မြင့်မီးသတ်ယာဉ် ၇ စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ ည ၈ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားသည်။

မီးငြှိမ်းသတ်စဉ် ဟေမမာလာတောင်ဒေသအရန်မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ရန်နိုင်ရှင်းမှာ မီးခိုးမွန်း၍ အသက်ရှူကြပ်သဖြင့် မန္တလေးဆေးရုံကြီးသို့ ဆေးကုသမှုခံယူခဲ့သည်။ မီးလောင်မှုနှင့်ပတ်သက်၍ အမှတ်(၇) ရဲစခန်းက အိမ်ငှားဦးမင်းအောင်အား (ပ)၂၅၃/၂၀၂၀၊ပုဒ်မ၂၈၅အရ အမှုဖွင့်အရေးယူထားသည်။

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ