နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသများတွင်မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်(အကြတ်နေ့) ဒေသခံပြည်သူများ ပျော်ရွှင်စွာရေစကားလျက်ရှိ

ပွင့်ဖြူ   ဧပြီ   ၁၅

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်(အကြတ်နေ့)တွင် အညာ ကျေးလက်ဒေသများတွင် ယာယီရေကစားမဏ္ဍပ်များပြုလုပ်၍ ကျေးလက်နေပြည်သူများကပျော်ရွှင်စွာ ရေကစားလျက်ရှိနေကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကိုနှစ်စဉ် ဗဟိုမဏ္ဍပ်ပြုလုပ်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကာဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများကရေပက်ခံထွက်ကြသူများနှင့် ရေကစားကြသူများ၊ ဥပုသ်သီလဆောက်တည်ကြသူများကိုအချိုရည် ၊ မုန့်များဖြင့် စတုဒီတာ ကျွေးမွေးလှူဒါန်းခြင်း ၊ မုန့်လုံး ရေပေါ်များ ကျွေးမွေးလှူခြင်းများပြုလုပ်၍ စည်စည်ကားကားကျင်းပပြုလုပ်လေ့ရှိကြောင်းသိရသည်။ ယခုနှစ် တွင် မြို့ပေါ်၌ ရေကစားကြသူများနည်းပါးနေကာပွင့်ဖြူ - မင်းဘူး - မကွေးသွားကားလမ်းအနီးရှိကျေးရွာများတွင် ဒေသခံပြည်သူများကသင်္ကြန်တေးသီချင်းများဖွင့်လှစ်၍ ခရီးသွားပြည်သူများနှင့် ရေပက်ခံထွက်ကြသူများ ကိုပျော်ရွှင်စွာ ရေပက်ကစားလျက် ရှိကြောင်းသိရသည်။  ထို့အပြင် သင်္ကြန်ပွဲတော်ကာလအတွင်း မလိုလားအပ်သော ခိုက်ရန်ဖြစ်ပွားမှုများမရှိစေရေးအတွက်နယ်မြေရဲတပ်ဖွဲ့ဝင်များကမော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များတွင် တုတ် ၊ ဓါး ၊ လက်နက်များယူဆောင်လာခြင်းရှိ/ မရှိကြပ်မတ်စစ်ဆေးခြင်းနှင့် ကိုဗစ် - ၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီပျော်ရွှင်စွာရေကစားကြရန် အသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
                                                                  
ရဲဝင်းနိုင် ( ညောင်ဦး )






အခြားဆက်စပ်သတင်းများ