နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာချီလိတ်မြို့နယ်၌ ကျေးရွာအဝင်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ

တာချီလိတ်  ဧပြီ   ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု ရန်ကုန်ကျေးရွာတွင် ကျေးရွာအတွင်းသန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရွာအဝင်အထွက် လမ်းများအား ကျေးရွာ‌နေပြည်သူများသွားလာမှုအဆင်ပြေ ချောမွေ့စေရေးနှင့် လွယ်ကူမြန်ဆန်စေရေးအတွက် ရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းခွင့်ပြု ရန်ပိုငွေ ကျပ်သိန်း ၁၀၀  ဖြင့် လမ်းအရှည် ၈၅၀ ပေ၊ အနံ ၁၂ ပေ ၊ ထု ၆ လက်မရှိလမ်းကို ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည်။
ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို “တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ကျေး ရွာမှကျေးရွာ နေပြည်သူများက လုပ်အားဒါနပြု ပူးပေါင်းပါဝင်မှုတို့ဖြင့် ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၂ ရက်နေ့က” လုပ်ငန်းများကို စတင်အ‌ကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

အောင်ကျော်မိုး (တာ လေ)






အခြားဆက်စပ်သတင်းများ