နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါကူးစက်သူ ၁ သိန်း ၄ သောင်းကျော်ထိရှိလာ

ရန်ကုန်  ဧပြီ   ၁၅

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ COVID-19 ရောဂါအတည်ပြုလူနာများကို ဧပြီ ၁၃ ရက် ည ၈ နာရီမှ ဧပြီ ၁၄ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုနပေါင်း (၁,၀၅၃) ခုကို စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ်(၅) ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။ သို့ဖြစ်ပါ၍ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၅၅၇,၀၅၇) ခုကို စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၂,၆၁၀) ဦး ရှိပြီဖြစ်ကြောင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။

ဧပြီ ၁၄ ရက်တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၅) ဦး ရှိပါသောကြောင့် စုစုပေါင်း (၁၃၁,၈၇၉) ဦး ဆေးရုံမှဆင်းခွင့် ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ ပြည်သူများအနေဖြင့် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက်  နေအိမ်ပြင်ပသို့ သွားရောက်ပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို မဖြစ်မနေစနစ်တကျ တပ်ဆင်ခြင်း၊  လက်ကိုမကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်းတို့ကို အထူးဂရုပြုလိုက်နာရန်လိုအပ်ကြောင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တိုက်တွန်းနှိုးဆော်ထားသည်။

(WP)






အခြားဆက်စပ်သတင်းများ