နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သိန္နီမြို့နယ်၊ တနိုင်းမြို့နယ်နှင့် ရွှေကူမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

သိန္နီ မေ ၁၆

မေ ၁၅ ရက်၊ နံနက် ၁၁ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်၊ မူဆယ်-မန္တလေးသွား ကားလမ်း၊ ကောင်းဟော်ကျေးရွာ အနီးတွင် မောင်ရွှေ(ခ)အားဟွာ မောင်းနှင်ပြီး မမာထုလိုက်ပါလာသည့် WISH အမျိုးအစား အဖြူရောင် မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ မော်တော်ယာဉ်နောက်ဖုံး အတွင်းမှ အဖြူရောင်ကော်ပုံးများဖြင့် ထည့်လျက် အက်စစ်တစ်အင်ဟိုက်ဒြိုက် ၃၄၀ လီတာ၊ မြန်မာငွေ ၁၀၀,၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မောင်ရွှေ(ခ) အားဟွာ(၄၃)နှစ်၊ မမာထု(၃၂)နှစ် တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရသည်။

အလားတူ မေ ၁၅ ရက်၊ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်၌ တနိုင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တနိုင်းမြို့နယ်၊ မိုင်းခွန်အပေါက်ဝကျေးရွာနေ အောင်ကိုကိုဇင် (၂၉)နှစ်၏ ယာယီတဲအား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ညိုဇင်အောင်(၃၃)နှစ်တို့ ၂ ဦးအား ဘိန်းဖြူ ၄ ဒသမ ၂ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် အောင်ကိုကိုဇင်ပါ အမျိုးသား ၂ ဦး (ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာဥပဒေအရ စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။

အလားတူ မေ ၁၅ ရက်၊ နံနက်  ၇ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရွှေကူမြို့နယ်၊ ဆိပ်သာကျေးရွာအုပ်စု၊ တောင်ချောင်းကျေးရွာအနီး အောင်နိုင်ဝင်း ၏ လယ်တဲကိုရှာဖွေရာ ခြံဝင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၃၃၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် အောင်နိုင်ဝင်း(၄၆)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရသည်။

 ဆွေဦး






အခြားဆက်စပ်သတင်းများ