နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကစားသမားအတွက်ကော သူ့အတွက်ပါ အကျိုးရှိအောင်လုပ်ဆောင်ဖို့ကြံနေတဲ့ ရွိုင်အိုလာ

ဧပြီ   ၁၄

အေးဂျင့်ရွိုင်အိုလာက သူ့ရဲ့ဒေါ့မွန်တိုက်စစ်မှူးဟာလန်းကို တစ်ပတ်လုပ်ခပေါင်တစ်သန်းအထိရရှိတဲ့ပထမဆုံးကစားသမားဖြစ်လာစေဖို့ ရည်ရွယ်နေကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ လက်ရှိမှာ ဟာလန်းဟာ ကမ္ဘာပေါ်က ကလပ်အသင်းတိုင်းကအလိုရှိနေတဲ့ ကစားသမားအဖြစ်ရှိနေတဲ့အတွက် ရွိုင်အိုလာက အချီကြီးကြံပေးဖို့အတွက် လုံးပမ်းနေတာလည်းဖြစ်ပါတယ်။ လာမယ့်ရာသီမှာ ဒေါ့မွန်ကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ဟာလန်းကို ကမ္ဘာ့ထိပ်တန်းအသင်းတွေကအလိုရှိနေကြပြီး ဒေါ့မွန်ကလည်း ပေါင် ၁၅၄ သန်းရရှိမယ်ဆိုရင် ရောင်းချသွားမယ်လို့ဆိုပါတယ်။ ဟာလန်းကို ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီး၊ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်၊ ချယ်လ်ဆီးတို့က စိတ်ဝင်စားနေကြတာကြောင့် ရွိုင်အိုလာက ကစားသမားအတွက် တစ်ပတ်လုပ်ခပေါင် ၁ သန်းတောင်းဆိုပေးဖို့ ကြံစည်နေတာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီလိုလုပ်အားခမျိုးကို ဘယ်ကစားသမားကမှရရှိဖူးခြင်းမရှိသေးဘဲ အများဆုံးအနေနဲ့ တစ်ပတ်လုပ်ခ ပေါင် ၇ သိန်းသာ ရရှိဖူးပါတယ်။ ဒါကလည်း တရားဝင်သတင်းထုတ်ပြန်ချက်မျိုး မဟုတ်ဘဲ ခန့်မှန်းသုံးသပ်ခဲ့ကြတာဖြစ်ပြီး အဓိကအားဖြင့် တရုတ်စူပါလိဂ်ကလပ်တွေက နာမည်ကျော် ကစားသမားတွေကို ခေါ်ယူဖို့ကြိုးစားရာမှာ များပြားလှတဲ့လုပ်အားခပေးချေပြီး ဆွဲဆောင်ခဲ့ကြတာဖြစ်ပါ တယ်။ ဘောလုံးလောကမှာ အကျွမ်းကျင်ဆုံးအေဂျင့်တစ်ဦးဖြစ်တဲ့ ရွိုင်အိုလာဟာ သူကိုင်တွယ်ထားတဲ့ ကစားသမားတွေနဲ့ပတ်သက်ပြီး ကစားသမားအတွက်ရော၊ သူ့အတွက်ပါ အကျိုးရှိအောင်လုပ်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ ပေါ့ဂ်ဘာ၊ မီခီတာရန်၊ ဇလာတန်တို့လို ဒိတ်ဒတ်ကျဲကစားသမားတွေကို သူကကိုင်တွယ်ပေးနေ တာဖြစ်ပြီး ဟာလန်းကိုလည်း အရင်ဆုံးချဉ်းကပ်ကာသူ့ရဲ့ကစားသမားဖြစ်လာအောင် ဖန်တီးနိုင်ခဲ့ပြီး နောက်ဆဲလ်ဘတ်ကနေ ဒေါ့မွန်ဆီပို့ဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ