နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရီးမီးယားလိဂ်ဇယားရဲ့ ဒုတိယနေရာမှာပဲ ရပ်တည်‌နေခဲ့တဲ့ ယူနိုက်တက်

ဧပြီ   ၁၃

ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်တွေထဲက စပါးအသင်းနဲ့ မန်ယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ တင်ဟမ် ဟော့စပါးအသင်းအနေနဲ့ ၄-၂-၃-၁ ကစားကွက်နဲ့ပွဲထွက်လာပါတယ်။ မန်ယူနိုက်တက်အသင်းမှာ ဒဏ်ရာ ရနေတဲ့ တိုက်စစ်မှူးမာရှယ်အစား ကာဗာနီပါဝင်လာပြီး ပုံမှန်ပွဲထွက်နေကျလူစာရင်းနဲ့ ပွဲထွက်လာပါတယ်။ ပွဲစကတည်းက နှစ်သင်းလုံးခပ်ကြမ်းကြမ်းကစားခဲ့တာတွေ့ခဲ့ရပါတယ်။ ပွဲချိန် ၃၂ မိနစ်အရောက်မှာ ပေါ့ဘာ ရဲ့ မျှောပေးမှုကို ကာဗာနီက အဆုံးသတ်ပိတ်သွင်းကာ ဦးဆောင်ဂိုးရယူခဲ့ပေမယ့် ပေါ့ဘာဆီဘောလုံးရောက် မလာခင်က မက်တော်မီနေးနဲ့ ဆွန်ဟောင်မင်တို့ဘောလုံးယှဉ်လုရာကနေ ဆွန်ဟောင်မင်လဲကျနေခဲ့တာ ကြောင့် ဒိုင်လူကြီးက VAR ကြည့်ပြီး သွင်းဂိုးကိုပယ်ဖျက်ခဲ့ပါတယ်။ ပွဲချိန်မိနစ် ၄၀ မှာ စပါးအသင်းဦးဆောင် ဂိုးရရှိခဲ့ပြီး လူးကပ်စ်မော်ရာရရှိခဲ့သော ဘောလုံးကိုမျှောပေးလိုက်ရာ ဆွန်ဟောင်မင်က ပိတ်သွင်းခဲ့တာကြောင့် ပထမပိုင်းမှာ စပါးတို့ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန် ၅၇ မိနစ်မှာ ကာဗာနီရဲ့အပိုင်ပိတ်သွင်းချက် ကို ဂိုးသမားလိုရစ်ပုတ်ထုတ်ပြီး ပြန်လျှံထွက်လာတဲ့ဘောလုံးကို ဖရက်ကပိတ်သွင်းခဲ့တာကြောင့် ယူနိုက် တက်တို့ချေပဂိုးပြန်ရခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းကရပ်ရှ်ဖို့ဒ်ရဲ့နေရာမှာ ဂရင်းဝုဒ်ကိုလူစားလဲ ဝင်ရောက်စေခဲ့တာ်ပါတယ်။ ပွဲချိန် ၇၉ မိနစ်မှာ ညာခြမ်းက ဂရင်းဝုဒ်ကန်တင်ပေးတဲ့ဘောလုံးကို အသင့်ရှိနေ တဲ့ ကာဗာနီကခေါင်းတိုက်သွင်းခဲ့ပြီး ယူနိုက်တက်အတွက် ဦးဆောင်ဂိုးရယူပေးခဲ့ပါတယ်။ နာကျင်အချိန်ပို နောက်ဆုံးမိနစ်အရောက်မှာ ပေါ့ဘာရဲ့ပေးပို့မှုကနေ ဂရင်းဝုဒ်ကညာခြေနဲ့ အပြင်းကန်သွင်းခဲ့တာကြောင့် စပါးတို့ အမှတ်ဗလာဖြစ်ခဲ့ရပါတယ်။ ယူနိုက်တက်အနေနဲ့ အဝေးကွင်းမှာ စပါးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ ခဲ့တာကြောင့် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ