နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခရီးသွားခြင်းနှင့် စိတ်အပန်းဖြေ

ဧပြီ   ၁၃
ပြည်သူအားလုံး၏ တူညီသည့်အပြင်းပြဆုံးဆန္ဒမှာ ခရီးသွားခြင်းဖြစ်သည်။ နေရာတစ်ခုတွင် နေထိုင်မှု အချိန်ကြာလာသည်နှင့်အမျှ အပြောင်းအလဲအနေဖြင့် ခရီးသွားချင်ကြသည်မှာ သဘာဝဖြစ်သည်။ ယင်းသည် လူတို့၏ စိတ်သန္တာန်၌ဖြစ်လေ့ရှိသည့် ပြင်းပြသော ဆန္ဒဖြစ်သည်။ ခရီးသွားခြင်းသည် စိတ်နှလုံးရွှင်လန်းစေ ပြီး မွန်းကျပ်နေသော စိတ်ခံစားချက်များကို ပြေလျော့စေကာ ပေါ့ပါးလန်းဆန်း၍ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ခြင်းကို ဖြစ်စေသည်။ ယခုအခါ COVID-19 ကပ်ရောဂါတစ်ကမ္ဘာလုံး ဖြစ်ပွားနေဆဲဖြစ်၍ မြန်မာနိုင်ငံတွင် ခရီးအသွားအလာများ ကန့်သတ်ထားသည်မှာ တစ်နှစ်ကျော်အချိန်ကြာလာသည်။ COVID-19 ကပ်ရောဂါ ကာလတွင် စိန်ခေါ်မှုအခက်အခဲများရှိနေသည့်ကြားမှ ဗုဒ္ဓဘာသာ ဘုရားစေတီများအပါအဝင် သက်ဆိုင်ရာ ဘာသာများအလိုက် ဘာသာရေးကျောင်းများအား ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှစတင်၍ COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးထားသည်။
စိန်ခေါ်မှုအခက်အခဲများကို ကျော်လွှားရာတွင် လက်တွေ့ရင်ဆိုင်ပြီး စနစ်တကျဖြေရှင်းနိုင်ပါလျှင် အောင်မြင်မှုရနိုင်ကာ စိန်ခေါ်မှုကို စိုးရွံ့ပြီး ရှောင်လွှဲနေမည်ဆိုလျှင် မည်သည့်အခါမျှ ကျော်လွှားဖြတ်သန်းနိုင် မည်မဟုတ်ပေ။ ယခုဖြစ်ပွားနေဆဲဖြစ်သော COVID-19 ကပ်ရောဂါကြောင့် ထိခိုက်မှုအရှိဆုံး လုပ်ငန်းများတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသည် ရှေ့တန်းမှပါဝင်နေသည်ကို တွေ့ရမည်ဖြစ်သည်။
COVID-19 ကပ်ရောဂါကြောင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်မှာ တစ်နှစ်ကျော်ခန့်ရှိ ခဲ့ပြီးဖြစ်၍ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာရန်မှာ နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထု၊ လုပ်ငန်းရှင်များ အားလုံး ယုံကြည်မှုရှိရှိ အရှိန်အဟုန်မြှင့် ပြန်လည်ပူးပေါင်းလုပ်ဆောင်သွားကြရန်လိုအပ်ပါကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကလည်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး ကို အလေးထားပါကြောင်း တာချီလိတ်ဒေသတွင် ပြည်တွင်း/ပြည်ပခရီးသွားများအား ဆွဲဆောင်နိုင်သော နေရာများစွာရှိသည့်အပြင် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသမြို့များအနက် တစ်ခုဖြစ်သောကြောင့် နှစ်နိုင်ငံခရီး သွားလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါကြောင်း COVID-19 ကပ်ရောဂါကာကွယ်ရေး ကျန်းမာရေးအသိဖြင့် လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာရန် မှာ ဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာများအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ပြည်သူလူထုအားလုံး ဝိုင်းဝန်း ပူးပေါင်း လုပ်ဆောင်သွားကြရန်လိုကြောင်းဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းက ဧပြီ ၉ ရက်က တာချီလိတ်မြို့တွင် ဟိုတယ်နှင့် ခရီးသွားကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပြည်တွင်းသာမက ပြည်ပနှင့်ပါ ကူးလူးဆက်သွယ်မှုများ မြန်မြန်ဆန်ဆန်ပြန်လည် အသက်ဝင်လာရေး အတွက် COVID-19 ကပ်ရောဂါကျန်းမာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဝိုင်းဝန်းလက်တွဲအကောင် အထည်ဖော်နိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း။        ။






အခြားဆက်စပ်သတင်းများ