နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုက်ကြီးမြို့နယ်၌ မော်တော်ယာဉ်တစ်စီး မီးလောင်၊ ရေနံချောင်းမြို့နယ်တွင် နေအိမ် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

တိုက်ကြီး မေ ၁၆

မေ ၁၅ ရက်၊ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ ပိန်းလျိုလေးကျေးရွာအနီး ဥက္ကံ-သုံးဆယ် ခရိုင်ချင်းဆက်လမ်းတွင် ပြည့်ဖြိုးအောင်(၃၆)နှစ် မောင်းနှင်ပြီး ဦးခင်မောင်ဝင်း (၄၀)နှစ် လိုက်ပါလာသည့် YGN EE----- Toyota ယာဉ်သည်  အင်ဂျင်ခန်းမှ ဝါယာရှော့ဖြစ်၍ မီးလောင်ကျွမ်းခဲ့ပါသည်။

အဆိုပါကားမီးလောင်မှုအား ဥက္ကံနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး ပြည့်ဖြိုးအောင် (ဖမ်းမိ)အား ဥက္ကံနယ်မြေရဲစခန်းတွင် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မေ ၁၅ ရက်၊ ည ၀၀၃၀ နာရီအချိန်၌ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဝါးရိုးကျေးရွာနေ ဒေါ်ကုလားမ(၆၈)နှစ်၏ နေအိမ်မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သတင်း ရရှိသဖြင့် ရေနံချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၅ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့်  နေအိမ် ၁၂ လုံး မီးလောင်ဆုံးရှုံးခဲ့သဖြင့် ဒေါ်ကုလားမ(ဖမ်းမိ)အား လက်မှတ်ကုန်းနယ်မြေရဲစခန်းတွင် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသိရသည်။

  ဆွေဦး







အခြားဆက်စပ်သတင်းများ