နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Ruby Mart(Supermarket)တွင် မီးလောင်မှုဖြစ်ပွားခဲ့

ရန်ကုန်  ဧပြီ   ၂
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ (၄)ရပ်ကွက်၊ ပန်းဆိုးတန်းလမ်းနှင့် (၃၇)လမ်းကြား၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ Ruby Mart(Supermarket)တွင် မီးလောင်မှုဖြစ်ပွားကြောင်းကို  ဧပြီ ၁ ရက်၊ ၂ နာရီအချိန်ခန့်က သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၁၈)စီး၊ မီးသတ်ရေသယ်ယာဉ်(၇)စီး၊ အထောက်အကူပြု ယာဉ်(၂)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီး၊ စုစုပေါင်းမီးသတ်ယာဉ်(၃၀)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၈၃)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားနေသည့် Ruby Mart(Supermarket)ကို မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၄၅ မိနစ်အချိန်က မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
(KKT)






အခြားဆက်စပ်သတင်းများ