နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Gandamar Wholesale (Shopping Center) မီးလောင်မှုဖြစ်ပွားခဲ့

ရန်ကုန်  ဧပြီ   ၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဂန္ဓမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ Gandamar Wholesale (Shopping Center) မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းကို  ဧပြီ ၁ ရက်၊ နံနက် ၂ နာရီ ၅ မိနစ်အချိန်ခန့်က သတင်းရရှိခဲ့သဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူ၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် အုပ်ချုပ်မှုယာဉ်(၃)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁၈)စီး၊ မီးသတ်ရေသယ်ယာဉ်(၇)စီး၊ အထောက်အကူပြုယာဉ်(၁၂)စီး၊ စုစုပေါင်း မီးသတ်ယာဉ်(၄၀)စီး၊ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် (၃၁၂)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကို  မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ရာ ဧပြီ ၁ ရက်၊ နံနက် ၈ နာရီ ၇ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

(KKT)






အခြားဆက်စပ်သတင်းများ