နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်စက်ရုံများ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုကြည့်ရှုအားပေး

မန္တလေး  ဧပြီ   ၂

ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဧပြီ ၁ ရက်၊ နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်သို့သွားရောက် ၍ မြို့သာစက်မှုဇုန်တည်ဆောက်ရေးလုပ်ငန်းများနှင့် စက်မှုဇုန်အတွင်းရှိစက်ရုံများ လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား မြို့သာစက်မှုဇုန်ရှင်းလင်းဆောင်တွင် မန္တလေးမြို့သာ စက်မှုဖွံ့ဖြိုး တိုးတက်ရေးအများပိုင်ကုမ္ပဏီလီမီတက်ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်နှင့် မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ ထွန်းထွန်းအောင်တို့က စက်မှုဇုန်စတင်တည်ထောင်ခဲ့သည့်အချိန်မှ လက်ရှိအချိန်အထိ လုပ်ငန်းဆောင်ရွက်မှု  များအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မြို့သာစက်မှုဇုန်သည် ကုန်းလမ်း၊  ရေလမ်း၊ လေကြောင်းလမ်းဆုံတွင်တည်ရှိခြင်း၊ မြန်မာနိုင်ငံ၏အနာဂတ်ဖွံ့ဖြိုးမှုဝန်ရိုးတစ်ခုဖြစ်သော မန္တလေးတိုင်း ဒေသကြီးအတွင်းတည်ရှိခြင်းနှင့် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်က ၂၀၁၂ ခုနှစ် ကတည်းက ခွင့်ပြုမိန့်ထုတ်ပေးထားသည့် စက်မှုဇုန်ဖြစ်၍ ရင်းနှီးမြှပ်နှံမှုများ ယုံကြည်စိတ်ချစွာဆောင်ရွက် နိုင်ကြောင်းနှင့် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရန် အားပေးလိုကြောင်း၊ မြို့သာစက်မှုဇုန်အတွင်းရင်းနှီး မြှပ်နှံမှုများတိုးတက်လာစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ ဝန်ကြီးဌာနမှလိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်စက်မှုဇုန်အတွင်းရှိ Gold AYA Motors International Group Co,Ltd ၏ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ခြင်း၊ Japfan Comfeed Myanmar Pte,Ltd ၏ မျိုးခြံနှင့်သားပေါက်ထုတ်လုပ်ရောင်းချခြင်း၊ Mandalay Baoshan Myotha Industrial Development Co,Ltd ၏ တည်ဆောက်ရေးနှင့် စက်ရုံလုပ်ငန်းများအား ကြည့်ရှုအားပေးခဲ့သည်။              

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ