နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထရန်စဖော်မာကိုယ်ထည်ပေါက်ပြီး ဆီယိုစိမ့်မှုဖြစ်ပေါ် အသစ်လဲလှယ်ဆောင်ရွက်၊ ဓာတ်အားပြတ်တောက်မှုစစ်ဆေး

မန္တလေး  ဧပြီ   ၂

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက နွေရာသီဓာတ်အားပြတ်တောက်မှု လျော့နည်း စေရေး လျှပ်စစ်သုံးစွဲသူပြည်သူများ ဗို့အားပြည့်သုံးစွဲနိုင်ရေးအလေးထားဆောင်ရွက်လျက်ရှိသည်။ ချမ်းအေးသာစံမြို့နယ် ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ ၁၁/ဝ.၄ ကေဗွီ ၃၁၅ ကေဗွီအေထရန်စဖော်မာသည် မတ် ၃၁ ရက်က ကိုယ်ထည်ပေါက်ကာ ဆီယိုစိမ့်မှုဖြစ်ပေါ်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် နံနက် ၁၀ နာရီမှ ၁၂ နာရီအတွင်း ဓာတ်အားခေတ္တပိတ်၍ ချမ်းအေးသာစံမြို့နယ် လျှပ်စစ်အင်ဂျင်နီယာနှင့် လုပ်သားများက ထရန်စဖော်မာလဲလှယ်ဆောင်ရွက်ပေးခဲ့သည်။

မန္တလေးခရိုင်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်လိုင်းကြိုးများအပေါ်သစ်ပင်သစ်ကိုင်း များပြတ်ကျမှုကြောင့် ဓာတ်အားပြတ်တောက်မှုများအား မြို့နယ်လျှပ်စစ်လုပ်သားများက ကွင်းဆင်းစစ်ဆေး ၍ ဓာတ်အားပြန်လည်ရရှိရေးဆောင်ရွက်ပေးခဲ့သည်။                    

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ