နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်းဒေသကြီး ၃ ခုတွင် စက်မှုလျှော်ပင်များ စိုက်ပျိုးထုတ်လုပ်လိုသော လုပ်ငန်းရှင်များအား ဖိတ်ခေါ်

ရန်ကုန်  ဧပြီ   ၂

မြန်မာနိုင်ငံအောက်ပိုင်းရှိ ရန်ကုန်၊ ပဲခူးနှင့်ဧရာဝတီ စသည့်တိုင်းဒေသကြီးများတွင် စက်မှုလျှော်ပင်များ စိုက်ပျိုးထုတ်လုပ်လိုသော ပြည်တွင်း၊ ပြည်ပမှ စိုက်ပျိုးရေးလုပ်ငန်းရှင်များအား သက်ဆိုင်ရာမှ ဖိတ်ခေါ်ထား ကြောင်း ရန်ကုန်မြို့ရှိ မြန်မာ့စက်မှုလျှော်ပင်အသင်းမှ သိရသည်။

ထိုသို့ စက်မှုလျှော်ပင်များစိုက်ပျိုးလိုသော လုပ်ငန်းရှင်များအနေဖြင့် အနည်းဆုံး မြေဧက ၁၀ ဧကမှစ၍ စိုက်ပျိုးရမည်ဖြစ်ပြီး သက်ဆိုင်ရာတွင် လုပ်ငန်းအာမခံထားရှိရမည့်အပြင် စိုက်ပျိုးရေးနှင့်ပတ်သက်ပြီး ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာနိုင်သူဖြစ်ရန်လိုအပ်ကြောင်း သိရသည်။

ယခုအခါ မြန်မာနိုင်ငံတွင် စက်မှုလျှော်ပင်များ စိုက်ပျိုးထုတ်လုပ်သောလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ လိုကြောင်း တရုတ်၊ ထိုင်း၊ ဂျပန်၊ သြစတြေးလျ၊ လာအိုနှင့် ဗီယက်နမ် စသည့်နိုင်ငံများမှ လုပ်ငန်းပေါင်း ၅၃ ခုခန့်မှ ဆက်သွယ်လာကြကြောင်း၊ နောက်ထပ် ဆက်သွယ်လိုသော လုပ်ငန်းရှင်များအနေနှင့်လည်း အီးမေးလ်လိပ်စာ hempymyanmar@gmail.com မှတစ်ဆင့် သက်ဆိုင်ရာသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

လုပ်ကိုင်ခွင့်ရရှိသော လုပ်ငန်းရှင်များအနေနှင့် စက်မှုလျှော်ပင်များ စိုက်ပျိုးထုတ်လုပ်ရန်အတွက် မျိုးစေ့ များတင်သွင်းခြင်း၊ ထွန်ယက်စိုက်ပျိုးခြင်း၊ သုတေသနပြုလုပ်ခြင်းနှင့် ထုတ်ကုန်များအား ဈေးကွက်တင်ပို့ခြင်း စသည့်လုပ်ငန်းများကို တရားဝင်လုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။     
       
(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ