နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မီးဘေးသင့်အိမ်ထောင်စုများအား ငွေနှင့်စားသောက်ဖွယ်ရာများ၊ အဝတ်အထည်များ ကယ်ဆယ်ရေးစခန်းသို့ လာရောက်လှူဒါန်း

မန္တလေး  ဧပြီ   ၂

မန္တလေးပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ နံသာရပ်တွင် ဧပြီ ၁ ရက်၊ နံနက် ၄ နာရီ ၄၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၈၀ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၁၃၈ စု မိသားစုဝင် ၅၂၀ ဦးခန့် အိုးမဲအိမ်မဲ့ဖြစ်ပွားခဲ့ရသဖြင့် ရတနာပုံတက္ကသိုလ်သွားလမ်းဘေးရှိ မြဘယက်သာမဏေကျော်တိုက်တွင် မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်စောင့်ရှောက်ပေးလျက်ရှိသည်။

မြို့နယ်လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်များ၊ ရပ်မိရပ်ဖများက မီးဘေးသင့်အိမ်ထောင်စုများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ၊ အဝတ်အထည်များ ယာယီမီးဘေးကယ်ဆယ်ရေးစခန်းသို့ လာရောက်လှူဒါန်းကြလျက်ရှိရာ ဧပြီ ၁ ရက်၊ မွန်းလွဲပိုင်းတွင် ရွှေနံသာလူမှုကူညီရေးအသင်း၊ သစ္စာတံခွန် လူမှုကူညီရေးအသင်းနှင့် ရင်ဘတ်တူညီနောင်ကယ်ဆယ်ရေးအဖွဲ့တို့မှကြီးကြပ်၍ မီးဘေးသင့်အိမ်ထောင်စု များအား စေတနာရှင်များက ငွေ၊ ဆန်နှင့် အဝတ်အထည်များ၊ စားသောက်ကုန်များကို ယာယီကယ်ဆယ်ရေး စခန်းသို့ လာရောက်လှူဒါန်းကြသည်။                                                                  

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ